ချစ်ပရိတ်သတ်ကြီးရေ စိုးညီမတွေထဲက ပရိတ်သတ်အချစ်တော်တစ်ဦးဖြစ်တဲ့ စိုးမြတ်နန္ဒာကတော့ ပရိသတ်အခိုင်အမာ ရရှိထားသူတစ်ဦးလည်းဖြစ်ပါတယ်။ဒါဒါလို့ ချစ်စနိုးခေါ်ကြတဲ့ သူမကတော့ တစ်ခေတ်တစ်ချိန်ထဲက နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပါတယ်။သူမရဲ့ ဗီဒီယိုရုပ်ရှင်ဇာတ်ကားများကလည်း နာမည်ကျော်ကြားလူကြိုက်များခဲ့တာလည်းဖြစ်ပါတယ်။ 

အချိန်တွေ ဘယ်လောက်ကြာကြာ သူမရဲ့ နုပျိုလှပမှုတွေကတော့ ယနေ့တိုင် တည်မြဲနေတာဖြစ်ပြီး တစ်နေ့ထက်တစ်နေ့ ပိုမိုလှပလာတာလည်း အလှတရားလျို့ဝှက်ချက်ပဲဖြစ်ပါတယ်။လတ်တလောမှာတော့ ဒါဒါဟာ သူမကို ကလေးတစ်ယောက်လို ရင်ခွင်ထဲ ကပ်ချွဲကာအချစ်တွေပိုနေတဲ့ ချစ်သူရဲ့ ပုံလေးကို ဖော်ပြထားတာတွေ့ရပါတယ်။အရမ်းကိုလိုက်ဖက်ကာ ကြည်နူးအားကျစရာ ကောင်းလှတာလည်းအမှန်ပဲဖြစ်ပါတယ်။

ဒါဒါကတော့ ချစ်သူနဲ့ အတူတကွ အမှတ်တရပုံရိပ်လေးတွေကိုလည်း အရင်ထဲက လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။အသက်လေးဆယ်ကျော်အရွယ် အမျိုး သမီးတစ်ယောက် ဖြစ်တဲ့ သူမတော့ အမြဲကို နုနေဆဲ လှနေဆဲ ကြည့်ကောင်းနေဆဲပါပဲ။ အမြဲတမ်းလန်းလွန်းနေတဲ့ ဒါဒါ့ တို့ ချစ်သူနှစ်ဦးရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေး လိုက်ပြီနော်။

Source:Soe Myat Nandar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။