ဆရာမ ချောချောလေးတွေ အလုပ်ခန့်ထားတဲ့ တရုတ်ကတက္ကသိုလ်

Sichuan Normal University မှ ဆရာမများဟာ တရုတ် website တွေမှာ လူသိများလာပါတယ်။ ကျောင်းရဲ့ WeChat အကောင့်ကနေ ဓာတ်ပုံတွေကို တင်ခဲ့တာဖြစ်ပါတယ်။

ဘာသာရပ်မျိုးစုံ သီချင်းဆို၊ အက၊ ဒီဇိုင်း၊ English အစရှိတဲ့ဘာသာရပ်တွေက ဆရာမတွေဖြစ်ပါတယ်။

ကျောင်းတည်ရှိတဲ့ Chengdu မြို့ကိုက အရင်ကတည်းက မိန်းမချောပေါလို့ နာမည်ကြီးတဲ့ မြို့ဖြစ်ပါတယ်။ ကျောင်းကဆရာမတွေအားလုံး ချောနေတာ တကယ်တော့ အံ့သြစရာမဟုတ်ပါဘူး။ ကျောင်းရဲ့မူကိုက လှပပြီးဆွဲဆောင်မှုရှိတဲ့ မိ်န်းကလေးတွေကိုဘဲ ရွေးချယ်ထားတာဖြစ်ပါတယ်။

ဒီလို ဆရာမလှလှလေးတွေကို သင်ခိုင်းခြင်းအားဖြင့် ကျောင်းသားတွေဆိုရင် အချိန်ပိုအတန်းတွေတောင် လိုလိုလားလားတက်ကြပြီး စာပိုကြိုးစားကြတယ်လို့ ကျောင်းကပြောကြားခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။