ချစ်ပရိတ်သတ်ကြီးရေ စိုးညီမတွေထဲက ပရိတ်သတ် အချစ်တော်တစ်ဦးဖြစ်တဲ့ စိုးမြတ်နန္ဒာကတော့ ခင်မင်ရင်းနှီးသူတွေနဲ့အတူ မကြာခင်ရက်ပိုင်းက သြစတေးလျကို သွားရောက်လည်ပတ်ခဲ့တာလည်းဖြစ်ပါတယ်။ဒါဒါလို့ ချစ်စနိုးခေါ်ကြတဲ့ သူမကတော့ တစ်ခေတ်တစ်ချိန်ထဲက နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပါတယ်။သူမရဲ့ ဗီဒီယိုရုပ်ရှင်ဇာတ်ကားများကလည်း နာမည်ကျော်ကြားလူကြိုက်များခဲ့တာလည်းဖြစ်ပါတယ်။ 

ဒါဒါဟာ လတ်တလောမှာတော့ ချစ်သူဖြစ်သူ စိုးသူရဲ့ အကြွေး သိန်း ၇၀၀ကျော် ကိစ္စနဲ့ပက်သက်ပြီး သတိပေးခံထားရထာဖြစ်ပြီး ထိုကိစ္စမှာ သူမနဲ့ မသက်ဆိုင်ပဲ နာမည်ကိုပူးတွဲကာ သတင်းစားမှာ ဖော်ပြထားခဲ့ခြင်းဟာ သူမရဲ့ နာမည် ဂုဏ်သိက္ခာကျဆင်းအောင် ပြုလုပ်သဖြင့် သူမကို နစ်နာကြေးအနေဖြင့် ကျပ်သိန်း ၁၅၀၀၀ လျော်ကြေးပေးရန် သတင်းစာမှတစ်ဆင့် တောင်းခံထားတာတွေ့ရပါတယ်။

ထိုကျပ်သိန်း ၁၅၀၀၀ ကို ခုနှစ်ရက်တွင်း ပေးဆပ်ရမည်ဖြစ်ပြီး ထိုတောင်းဆိုချက်ကိုမလိုက်နာပါက တည်ဆဲ ဥပဒေနှင့်အညီ တရားစွဲဆိုတော့မည်ဖြစ်ကြောင်း ကြေညာလိုက်တာတွေ့ရပါတယ်။ချစ်ပရိတ်သတ်တွေတွက် စိုးမြတ်နန္ဒာရဲ့ သတင်းစာမှ တစ်ဆင့် တောင်းဆိုထားတဲ့ အကြောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

Source:Soe Myat Nandar

Photo Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။