ချစ်ပရိတ်သတ်ကြီးရေ Myanmar Idol ရဲ့ Presenter ကြီး ကျော်ထက်အောင်ကို ပရိတ်သတ်ကြီး သိကြမယ်ထင်ပါတယ်။သူဟာ တည်ကြည်ခန့်ညား ယောကျာ်းပီသတဲ့ အရည်းအချင်းတွေပိုင်ဆိုင်ထားပြီး စကားပြောရာမှာလည်း အသံသြဇာကောင်းကောင်းနဲ့ တင်ဆက်တက်သူ တစ်ယောက်ဖြစ်တာကြောင့် မိန်းကလေးအများစုရဲ့ အချစ်တော်ကြီးဖြစ်နေရသူဖြစ်ပါတယ်။သူ့ကိုတော့ သဘောကျအားပေးတဲ့ သူတွေအများကြီးဖြစ်ပြီး မိန်းကလေးပရိတ်သတ် အများစုအားပေးတာလည်းတွေ့ရပါတယ်။
သူဟာ အသံပါဝါကောင်းရုံတင် မကပဲ ရူပါဖြောင့်ပြီး ယောကျာ်းပီသတဲ့ သူ့ရဲ့ စမတ်ကျကျ ဝတ်ဆင်တက်မှုကြောင့် မိန်းကလေးတွေအချစ်ပိုနေရတာလည်းဖြစ်ပါတယ်။သူဟာ နေ့စဉ်လှုပ်ရှားမှုပုံရိပ်များကို ဖေ့ဘွတ်ပေါ်တွင် ဖော်ပြလေ့ရှိပြီး ဒီနေ့မှာတော့ "မိသားစု ဝါဆိုသင်္ဃန်း၊ ဆန်၊ ဆီ၊ ဆား၊ ဆေးကပ်လှူပူဇော်ပြီးအာရုဏ်ဆွမ်း၊ နဝကမ္မ အလှူငွေ ကပ်လှူ ပူဇော်ဖြစ်ပါတယ်"လို့အလှူပုံရိပ်လေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။
ဒီနေ့ကပ်လှူတဲ့ သင်္ဃန်းတွေကိုလည်း "ကိုပြည်စိုးအောင်" ရဲ့ "အနန္တသစ္စာ" သင်္ဃန်း အားပေးဖို့သွားဝယ်တာ လက်ဆောင်အဖြစ်ပေးလိုက်ပါတယ် အကို့ရဲ့ အလှူလည်းဖြစ်သွားတဲ့အတွက် အကိုလည်း ကုသိုလ်အထူးခံစားနိုင်ပါစေ"လို့လည်းပြောထားတာတွေ့ရပါတယ်။ချစ်ပရိတ်သတ်ကြီးတွက်ကျော်ထက်အောင်ရဲ့ ဒီကနေ့အလှူလေးကိုသာဓုခေါ်ရင်းမျှဝေပေးလိုက်ပါတယ်။
Source:Kyaw Htet Aung
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။