ချစ်ပရိတ်သတ်ကြီးရေ ပရိသတ်တွေအများဆုံး အားပေးကြပြီး အစီစဉ်ကောင်းတစ်ခုဖြစ်တဲ့ မြန်မာအိုင်ဒေါကတော့ နှစ်တိုင်းလိုစိတ်ဝင်စားမှုတွေနဲ့ နာမည်ကျော်ကြားလူကြိုက်များခဲ့တာဖြစ်ပါတယ်။ပြိုင်ပွဲဝင်တိုင်းကလည်း အရည်အချင်းတစ်မျိုးစီနဲ့ ပရိတ်သတ်ကိုယ်စီ အားပေးချစ်ခင်ခြင်းခံရသူတွေလည်းဖြစ်ပါတယ်။ထိုပြိုင်ပွဲထဲမှာမှ ဖြိုးမြတ်အောင်ကတော့ နောက်ဆုံး Final မှာ Winner ဆုကို ရရှိပိုင်ဆိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။
ပရိသတ်အခိုင်အမာရရှိထားတဲ့ ဖြိုးမြတ်အောင်ကိုတော့ ချစ်ခင်သူတွေက အမှတ်တရ လက်ဆောင်များကိုပါ ချီးမြှင့်ပေးအပ်ကြတာတွေ့လည်းတွေ့ရပါတယ်။လတ်တလောမှာတော့ ဖြိုးမြတ်အောင်ဟာ အရုပ်ကားလေးတွေတွန်းကာ သူငယ်ချင်းတွေဆီက တော်ယုံမရနိုင်တဲ့ဟာတွေ ခုလက်ဆောင်ရခဲ့တယ်ဆိုပြီး စနောက်ကာ ရီရွှင်စရာ ဗီဒီယိုဖိုင်လေးတစ်ခု ရေပန်းစားနေတာတွေ့ရပါတယ်။
သူရဲ့ပရိသတ်အချို့ကလည်း ဗီဒီယိုလေးနဲ့ ပက်သက်ပြီး "winner ဆုပိုင်ရှင်ကြီး သီချင်းတွေဆို လူကြီးထင်နေတာ လက်စတက်တော့ ကလေးဖြစ်နေတာကိုးဟု " စနောက်ကာ ပြောဆိုကြာတာလည်းတွေ့ရပါတယ်။အမှတ်တရလက်ဆောင်လေးတွေကိုတန်ဖိုးထားတက်တာလည်း သူရဲ့လေးစားစရာစိတ်လေးတစ်ခုပဲ ဖြစ်ပါတယ်။ဖြိုးမြတ်အောင်ရဲ့ ချစ်ပရိတ်သတ်တွေတွက် သူရဲ့ရိုးသားပြီး ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးကို ကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။
Source :sai kham
Photo credit
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။