မော်ဒယ်ရွှေအိမ်စည်ကတော့ အမြဲသွက်လက်တဲ့ ချစ်စရာကောင်းတဲ့ ပုံစံလေးတွေနဲ့ ပရိတ်သတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ရရှိထားသူလေးဖြစ်ပါတယ်။သူမရဲ့ သွက်လက်ဖျတ်လတ်မှုရယ် ချစ်စရာကောင်းတဲ့ အပြုံးလေးတွေရယ်ကလည်း သူမရဲ့ ဆွဲဆောင်မှုတစ်ခုဖြစ်နေပါတယ်။အလွယ်တကူ အရှုံးမပေးတက်တဲ့ သူမကတော့ ဒီနှစ်ရဲ့ Miss Golden Land Myanmar ပြိုင်ပွဲကြီးကို ရခိုင်ကိုယ်စားပြုအနေနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ Winner ဆုကြီးကို ပိုင်ဆိုင်ရရှိခဲ့သူလေးဖြစ်ပါတယ်။ 

သူမဟာ အမြဲယုံကြည်မှုအပြည့်ရှိပြီး အချိန်တိုင်းလှပကျော့ရှင်းနေသူလေးဖြစ်တာကြောင့် မိန်းကလေးအများစု အားကျချစ်ခင်နေကြတာလည်းတွေ့ရပါတယ်။သူမဟာပြိုင်ပွဲနေ့မှာလည်း မေခွန်းများကို အကောင်းဆုံး ယုံကြည်မှုအပြည့်နဲ့ ဖြေဆိုခဲ့တဲ့ ဗီဒီယိုဖိုင်ကလည်း ရေပန်းစားလူကြိုက်များတာတွေ့ရပါတယ်။လတ်တလောမှာတော့ Miss supranational myanmar အဖြစ်နဲ့ ဒဂုံဆံတော်ရှင်ကို ပထမဆုံးဖူးမြှော်ခဲ့တဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်တွင်ဖော်ပြထာခဲ့ပါတယ်။

အမြဲလှပကျော့ရှင်းပြီး စမတ်ကျလှပနေတဲ့ ရွှေအိမ်စည်ကတော့ မည်သည့်နေရာမဆို လိုက်ဖက်အောင် အလှဆုံး ဝတ်ဆင်တက်သူလေးလည်းဖြစ်ပါတယ်။သူမနဲ့အတူ" MGLM Founder ကိုဟန်ဇော်လတ်၊ President မဟန်နီချိုတို့ ဇနီးမောင်နှံနှင့်အတူ အိမ်စည် သရဖူ အပ်နှင်းခံရတဲ့ အခမ်းအနားအတွက် တကူးတက မြန်မာပြည်ကို ရောက်လာနေတဲ့ Miss Supranational 2017 Jenny Kim တို့နှင့် ကုသိုလ်အတူ ယူခဲ့ကြပါတယ်"လိုကလည်းဖော်ပြထားပါတယ်။

Source:Shwe Eain Si

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။