ချစ်ပရိတ်သတ်ကြီးရေ နာမည်ကျော် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အကယ်ဒမီမြင့်မြတ်ကို ပရိတ်သတ်တွေချစ်ကြမယ်ထင်ပါတယ်။သူဟာကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် အကောင်းဆုံး သရုပ်ဆောင်နိုင်တာကြောင့် အချိန်ခဏလေးတွင်းမှာတင် နာမည်ကျော်ကြားလူကြိုက်များ အောင်မြင်လာခြင်းဖြစ်ပါတယ်။တစ်ခေတ်တစ်ချိန်ထဲက အောင်မြင်မှုရရှိလာကာ ယနေ့ထိတိုင် အောင်မြင်မှုထိန်းထားနိုင်တာလည်း သူရဲ့အရည်ချင်းတစ်ခုပဲဖြစ်ပါတယ်။

မြင့်မြတ်ကတော့ အနုပညာလှုပ်ရှားမူများသာမက နောက်ပိုင်းမှာ သားလေးရဲ့ ပုံရိပ်လေးတွေကိုပါ လူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။လတ်တလောမှာလည်း သူရဲ့ ပရိတ်သတ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ အမှတ်တရပုံရိပ်တွေကို ဖော်ပြထားတာတွေ့ရပါတယ်။မြင့်မြတ်ရဲ့ ရုပ်ရှင် ဇာတ်ကားတွေကလည်း ဇာတ်တိုက်ဆိုသလို ရုံတင်ပြသနေတာဖြစ်ပြီး ဇာတ်ကားတိုင်း ပရိတ်သတ်တွေ နှစ်ခြိုက်အားပေးကြတာလည်းတွေ့ရပါတယ်။

ဖေဖေမြင့်မြတ်ဟာ ဂျင်းကောင်ပေါက်စလေးရဲ့ ပုံအသစ်လေးတွေကိုလည်း တင်ထားတာတွေ့ရပါတယ်။ပရိတ်သတ်တွေက မြင့်မြတ်ပါမက သားသားလေးကိုပါ ဝိုင်းဝန်းချစ်ခင်ကြတာလည်းတွေ့ရပါတယ်။ချစ်ပရိတ်သတ်တွေတွက် မြင့်မြတ် သူရဲ့ ပရိတ်သတ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

Source:Myint Myat

Photo Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။