အဆိုတော် အစ္စဏီကိုတရားစွဲဆိုထားတဲ့ မော်ဒယ်သရုပ်ဆောင် စူးရှထက်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းထဲက အဆိုတော်ယုန်လေးကိုပါတရားစွဲဆိုထားခဲ့တဲ့ သတင်းတွေထွက်ပေါ်ခဲ့ရာ ယုန်လေးကိုယ်တိုင် လူမှုကွန်ယက်ဖေ့ဘွတ် စာမျက်နှာပေါ်တွင် ဖြေရှင်းခဲ့တာလည်းတွေ့ရပါတယ်။စူးရှထက်ရဲ့ တရားစွဲဆိုမှုကြောင့် ယုန်လေးကို ခင်မင်သူအပေါင်းတို့ကလည်း ဖုန်းဆက်ကာ သတင်းလှမ်းမေးကြတယ်လို့လည်းသိရပါတယ်။

မနေ့ညမှာတော့ ယုန်လေးဟာ သူရဲ့ လူမှုကွန်ယက်ဖေ့ဘွတ် စာမျကေ်နှာပေါ်တွင် ရဲစခန်းသို့ ကိုယ်တိုင်သွားရောက်ခဲ့တဲ့ ပုံတစ်ချို့နဲ့အတူ "တင်ဖို့ အစီစဉ်မရှိပါဘူး အနုပညာ ညီအစ်ကို မောင်နှစ်မများ နဲ့ ကျွန်တော့်ကိုစိတ်ပူလို့ သတင်းလှမ်းမေးသော ညီအစ်ကို မောင်နှစ်များအတွက်ပါ။ အားလုံးကိုကျေးဇူးပါ ရဲစခန်း ဒီနေ့သွားပြီပါပြီ အမူ့မမြောက်တဲ့အတွက် အမူ့ ဖွင့်လို့မရပါဘူး ။ အားလုံးစိတ်ပူနေမှာ စိုးလို့ပါ။အားလုံး Peace . . . အေးဆေးဖြစ်သွားပါပြီ " ဆိုတဲ့ အကြောင်းအရာတွေနဲ့အတူဖော်ပြထားပါတယ်။

ယုန်လေးဟာ "၁၇ ရက်နေ့ လူကြမ်းတစ်ယောက်ရဲ့ Diary ကောင်းကောင်းရေးလို့ရပါပြီ"လို့လည်း ထက်မံပြောကြားထားတာတွေ့ရပါတယ်။ယုန်လေး ပြောကြားထားတာနဲ့ ပက်သက်ပြီး စူးရှထက်က လူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ပြန်လည်ပြောကြားထာတာလည်းတွေ့ရပါတယ်။ချစ်ပရိတ်သတ်ကြီးတွက် ယုန်လေးပြောကြားခဲ့တာတွေကိုမျှဝေပေးလိုက်ပါတယ်။ 

Source:Kyaw Phone Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။