မူးယစ်ဆေးတွေ၊ သေနတ်တွေနဲ့ ပက်စ်ပို့အတုလုပ်တဲ့စက်တွေလည်း တွေ့တယ်လို့သိရပါတယ်။

အမျိုးသမီးတစ်ဦးကို အပိုင်းပိုင်းခုတ်ထစ်ပြီး အအေးခန်းထဲ ထည့်ထားတဲ့အပြင် ပက်စ်ပို့အတုပြုလုပ်ကာ တရားမဝင် လက်နက်ကိုင်ဆောင်ထားကြတဲ့ မြန်မာနှစ်ဦး၊ အမေရိကန်နှစ်ဦးနဲ့ ဗြိတိန်အမျိုးသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ဝင်ရောက်ဖမ်းဆီးစဉ်မှာ ထိုင်းရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ကျည်ဆန်ပါဝင်ဝင်တဲ့ သေနတ်တွေအပြင် မူးယစ်ဆေးဝါးတွေလည်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါအမျိုးသားငါးဦး စခန်းချရာ ငါးထပ်အဆောက်အဦအတွင်း ဝင်ရောက်ဖမ်းဆီးရာမှာ ပက်စ်ပို့အတုပြုလုပ်တဲ့ စက်တစ်လုံးကိုလည်းတွေ့ခဲ့ရပါတယ်။

အအေးခန်းထဲမှာ အမျိုးသမီးတစ်ဦးကို အပိုင်းပိုင်းဖြတ်ကာ ပလစ်စတစ်အိတ်ထဲ ထည့်ထားခဲ့ပြီး အဆိုပါအမျိုးသမီးဟာ အကျႌနဲ့ ဖိနပ်တော့ ဝတ်လျှက်သား ရှိသေးတယ်လို့ သိရပါတယ်။ သေဆုံးသူအမျိုးသမီးက ဘယ်နိုင်ငံကလဲ ဆိုတာကို မသိရသေးပါဘူး။ မတိုင်ခင်မှာ သူတို့ကို မူးယစ်ဆေးနဲ့ အခြားသတင်းတွေရလို့ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဘန်ကောက်မြို့က ဒီစီးနင်းမှု မတိုင်ခင်မှာ အလောင်းတွေ့ရမယ်လို့ ရဲတွေမမျှော်လင့်ခဲ့ကြောင်း ပြောကြားပါတယ်။

Credit Duwun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။