ပရိတ်သတ်ကြီးရေ အဆိုတော်သရုပ်ဆောင်ရဲလေးကတော့ ပရိတ်သတ်တွေရင်ထဲကိုရောက်စေတဲ့ သီချင်းလေးတွေနဲ့ အောင်မြင်ကျော်ကြား လူကြိုက်များခဲ့သူလေးလည်းဖြစ်ပါတယ်။ကိုယ်ပိုင်သံစဉ်စားသားလေးတွေကို ဖန်တီးကာ သူရဲ့ခံစားချက်အပြည့်နဲ့ သီဆိုထားတဲ့ သီချင်းအေးလေးတွေက လူငယ်ပရိတ်သတ်တွေကြားမှာ ရေပန်းစားလူကြိုက်များခဲ့တာလည်းဖြစ်ပါတယ်။ရဲလေးဟာသူ့ရဲ့သီချင်းလေးတွေကို ပရိသတ်တွေက သဘောကျနှစ်ခြိုက်ကြသလို ခန့်ညားတဲ့ ရုပ်ရည်ရှိတဲ့ ရဲလေးကိုလည်း အားလုံးက အားပေးချစ်ခင်ကြတာ ဖြစ်ပါတယ်။ 

ရဲလေးက သီချင်းလေးတွေနဲ့ နားဆင်သူတွေရဲ့ စိတ်ကိုညို့ယူတတ်သလို သီချင်းဗီဒီယိုတွေကိုလည်း အကောင်းဆုံးဖြစ်အောင် ကိုယ်တိုင်ပုံဖော်တတ်သူ ဖြစ်ပါတယ်။မကြာမှီကလည်း နင်ဇီမေနဲ့အတူတွဲဖက်ကာ "နင်မရှိတဲ့နောက်"သီချင်းဗီဒီယိုလေးထွက်ရှိထားကာ ရေပန်းစား လူကြိုက်များခဲ့တာလည်းဖြစ်ပါတယ်။လတ်တလောမှာလည်း ရန်ကုန်တက္ကသိုလ် စစ်ကိုင်းနဲ့သီရိဆောင်မှာ ကျင်းပပြုလုပ်တဲ့ ညစာစားပွဲတစ်ခုမှာ သွားရောက်ဖျော်ဖြေခဲ့တဲ့ အမှတ်တရပုံရိပ်များကိုဖော်ပြထားတာတွေ့ရပါတယ်။

ရဲလေးဟာ ထိုပွဲမှာတော့ ပရိတ်သတ်တွေနဲ့ အပေးယူမျှ သီဆိုဖျော်ဖြေခဲ့တာဖြစ်ပြီး အမှတ်တရပုံရိပ်များကိုလည်းအတူရိုက်ကာ တွေ့ဆုံခဲ့တယ်လို့လည်းသိရပါတယ်။ကဲ..ချစ်ပရိတ်သတ်တွေတွက် ရဲလေးရဲ့ ဖျော်ဖြေပွဲပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Source:Ye Lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။