ခပ်မိုက်မိုက် ပုံစံဒီဇိုင်းအလန်းတွေနဲ့ ပရိတ်သတ်တွေကို ညို့ယူဖမ်းစားခဲ့တဲ့ ဝါဆိုမိုးဦးကိုတော့ ပရိတ်သတ်တွေချစ်ကြမယ်ထင်ပါတယ်။ဆိုဆိုလို့ ချစ်စနိုးနဲ့ အများစုခေါ်ကြတဲ့ သူမကတော့ ငယ်စဉ်ကလေးဘဝထဲက အနုပညာလောကကို ဝင်ရောက်လာတဲ့ သူလေးဖြစ်ကာ ယနေ့ထိတိုင်အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်တာလည်း ဆိုဆိုရဲ့ အနုပညာအရည်ချင်းတစ်ခုပဲဖြစ်ပါတယ်။တစ်နေ့တစ်ခြားလှလှလာတာလည်း သူမရဲ့ အလှတရားလျှို့ဝှက်ချက်တစ်ခုပဲဖြစ်ပါတယ်။

ဆိုဆိုကတော့ သူမရဲ့ အမိုက်စားပုံရိပ်တွေကို ဖေ့ဘွတ်ပေါ်တွင်ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာလည်း အဝါရောင်လေးနဲ့ အရမ်းဂေါ်နေတဲ့ ဖက်ရှင်ပုံရိပ်လေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။လှပပြီး အချိုးစားကျတဲ့ ခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ထားတဲ့ သူမကတော့ ဖက်ရှင်အလန်းတွေနဲ့ ပရိတ်တွေကို အမြဲဆွဲဆောင်ခဲ့သူလေးဖြစ်ပါတယ်။လူတောင်မှားလောက်တဲ့ သူမရဲ့ ဖက်ရှင်တွေနဲ့ဒီဇိုင်းတွေကတော့ သူမရဲ့ ပရိတ်သတ်တွေကို အမြဲအကြိုက်တွေ့စေခဲ့တာဖြစ်ပါတယ်။ 

ဖက်ရှင်အမျိုးမျိုးကို ဝတ်ဆင်းတက်ကာ ရိုက်ထားတဲ့ဓာတ်ပုံတွေကလည်း အလန်းတွေချည်းပါပဲ။လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာပေါ်တွင်လည်း ပရိသတ်တွေက သူမကိုများစွာအားပေးနေကြတာလည်းတွေ့ရပါတယ်။လှပတဲ့ ခန္ဓာကိုယ်လေးကြောင့် သူမဝတ်ထားတဲ့ အဝတ်အစားတွေကို ပိုပြီးလိုက်ဖက်စေတာဖြစ်ပါတယ်။ချစ်ပရိတ်သတ်တွေတွက် ဆိုဆိုရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

Source:Warso Moe Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။