ချစ်ပရိတ်သတ်ကြီးရေ အသံပါဝါကောင်းကောင်းနဲ့ သီဆိုဖျော်ဖြေတက်ပြီး အဆိုတော်လောကမှာ နာမည်ကျော်ကြား လူကြိုက်များတဲ့ အဆိုတော်ချော်လေး နီနီခင်ဇော်ကို ပရိတ်သတ်ကြီးချစ်ကြမယ်ထင်ပါတယ်။နီနီရဲ့သီချင်းတွေဟာ သူရဲ့အသံပါဝါကောင်းကောင်းနဲ့ သီဆိုမှုကြောင့် အပုဒ်တိုင်းလိုလို ပရိတ်သတ်တွေကြားပေါက်ခဲ့ရတာဖြစ်ပါတယ်။ဖက်ရှင်ပိုင်းမှာဆိုလည်း အမြဲအသစ်သစ်တွေနဲ့ အမိုက်စားလန်းနေသူလေးလည်းဖြစ်ပါတယ်။  

နီနီရဲ့ Stand by me သီချင်းလေးကတော့ အစောပိုင်းထဲက ထွက်ရှိထားတာဖြစ်ပြီး လူငယ်ပရိတ်သတ်တွေကြားမှာ ရေပန်းစားလူကြိုက်များခဲ့တာဖြစ်ပါတယ်။ယခုမှာတော့ ထူးထူးခြားခြားလေးနဲ့ ပုံစံတစ်မျိုးဆန်းသစ်စွာ ပရိတ်သတ်တွေကြားမှာ ရေပန်းစားတဲ့ စုံတွဲလေးတွေဖြစ်တဲ့မေဦး ဟန်လင်း မထက် တို့နဲ့ အတူ အသွင်မတူပေမယ့်လည်း တစ်ဦးကိုတစ်ဦးချစ်နေဖို့က အရေးကြီးကြောင်း သက်သေပြလိုက်ကာ ထူးထူးခြားခြားလေး တင်ဆက်ထားတဲ့ ဗီဒီယိုလေးဖြစ်ပါတယ်။ 

နီနီဟာ Stand by me သီချင်းဗီဒီယိုလေးကို ပရိတ်သတ်တွေရှေ့ ချမပြခင်က "အချစ်ဆိုတာ ... တယောက်နဲ့ တယောက် ချစ်နေဖို့သာ အရေးကြီးတာပါ စွန့်လွှတ်ခြင်းပဲဖြစ်ဖြစ် တူတူရှိနေခြင်းရခြင်းပဲ ဖြစ်ဖြစ် လူသားတဦးနဲ့ တဦး ချစ်ဖို့သာ အဓိက"ဆိုတဲ့စာသားလေးနဲ့ အတူ" ဒီနေ့ သီချင်းလေး တစ်ပုဒ်တင်ပေးမယ်နော် ...သူတို့စုံတွဲလေးတွေကြည့်ဖို့ ရင်ခုန်နေပီလား "လို့ဖော်ပြထားတာတွေ့ရပါတယ်။ချစ်ပရိတ်သတ်တွေတွက် နီနီရဲ့ အမိုက်စားသီချင်း ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။

Source:Ni Ni Khin Zaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။