ပရိတ်သတ်တွေရဲ့ အချစ်တော် မြင့်မြတ်ကတော့ ဖခင်ရာထူးတိုးသွားပြီဖြစ်သော်လည်း ပရိတ်သတ်တွေက ဖေဖေကော သားသားလေးကိုပါ ယခင်ထက် ပိုမိုချစ်ခင်အားပေးလာတာတွေ့ရပါတယ်။သူဟာ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် အကောင်းဆုံး သရုပ်ဆောင်နိုင်တာကြောင့် အချိန်ခဏလေးတွင်းမှာတင် နာမည်ကျော်ကြားလူကြိုက်များ အောင်မြင်လာခြင်းဖြစ်ပါတယ်။သူရဲ့ ဇာတ်ကားတွေမှာပါဝင်တဲ့ ဇာတ်ဝင်ခန်းအချို့ဟာလည်း ပရိတ်သတ်တွေကြား ရေပန်းစားခဲ့တာလည်းဖြစ်ပါတယ်။

မြင့်မြတ်ဟာ ချစ်ဇနီးလေး သားဦးလေးစမွေးထဲက ခုချိန်ထိကို အရိပ်တကြည့်ကြည့်နဲ့ မျက်စိအောက်က မခွာအောင် အချိန်တိုင်း ပွေ့ချီပြီးအချစ်တွေပိုနေတာ ပရိတ်သတ်တွေ အမြင်ပဲဖြစ်ပါတယ်။မြင့်မြတ်ကတော့ သူရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာပေါ်တွင် သားသားလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည်း နေ့စဉ်ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။မကြာခင်ကလည်း သားလေးကိုပွေ့ချီပြီး အကြည့်ချင်းဆုံကာ ကြည်နူးနေတဲ့ ပုံရိပ်လေးတွေနဲ့ အတူ "သားသားနဲ့ ဖေဖေ"ဆိုတဲ့ စာသားလေးနဲ့ဖော်ပြထားတာတွေ့ရပါတယ်။

သားအဖနှစ်ယောက်ရဲ့ အကြည့်ချင်းဆုံနေတဲ့ အမှတ်တရ ပုံရိပ်လေးတွေက ကြည်နူးအားကျစရာ ကောင်းလွန်းသည့်အပြင် အပျော်တွေ ကူးစက်မိသာ အမှန်ပဲဖြစ်ပါတယ်။ချစ်ပရိတ်သတ်ကြီးတွက် မြင့်မြတ်တို့ သားအဖနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်နော်။

Source:Myint Myat

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။