မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့သည် စစ်ကိုင်းပြတ်ရွေ့လှုပ်ခတ်ခဲ့ပါက ဘေးအန္တရာယ်ကြီးမားစွာကျရောက်နိုင်ကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ စက်တင်ဘာ၂၄ရက်တွင် မြန်မာနိုင်ငံအင်ဂျင်နီယာကော်မတီအသင်းတွင် ကျင်းပခဲ့သည့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆွေးနွေးပွဲတွင် ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွက် မြန်မာနိုင်ငံ၏အဓိကပြတ်ရွေ့ကြောဖြစ်သော စစ်ကိုင်းပြတ်ရွေ့သည် ဘေးတိုက်ပြတ်ရွေ့ဖြစ်သဖြင့် စစ်ကိုင်းပြတ်ရွေ့ကြောကြောင့် ငလျင်လှုပ်ခဲ့သည်ရှိသေည် အထက်အောက်လှုပ်ရှားမှုထက် ဘေးတိုက်လှုပ်ရှားမှုကို ပို၍ခံစားရမည့်အပြက် ပို၍ထိခိုက်ဒဏ်ရာရနိုင်ကြောင်း၊ စစ်ကိုင်းပြတ်ရွေ့တစ်လျှောက်ရှိ မြို့ကြီးများဖြစ်သော မြစ်ကြီးနား၊ တကောင်း၊ သပိတ်ကျင်း၊ စစ်ကိုင်း၊ မန္တ​လေး၊ နေပြည်တော်၊ တေညင်ငူ၊ ဖြူး၊ ပဲခူးတို့တွင် ယခုကဲ့သို့ အင်အားကြီးငလျင်လှုပ်ခတ်ပါက ဘေးအန္တရာယ်ကြီးမားစွာ ကျရောက်မည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် မြန်မာနိုင်ငံ၏စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့သည် စစ်ကိုင်းပြတ်ရွေ့ကြော၏ အနောက်ဘက် ၃၅ကီလိုမီတာအကွာတွင် တည်ရှိသဖြင့် အလားတူ ဘေးအန္တရာယ်ကြီးမားစွာ ကျရောက်မည်ဖြစ်ကြောင်းသိရသည်။

" ငလျင်က ဘယ်အချိန်လှုပ်မလဲဆိုတာ ပြောလို့မရသေးဘူး။ ပြတ်ရွေ့တွေကအများကြီးရှိတယ်။ တစ်ချိန်မဟုတ်တစ်ချိန်လှုပ်နိုင်တယ်။ ပြီးတော့ဆူနာမီဖြစ်နိုင်တဲ့ ငလျင်တွေလည်းရှိတယ်။ စစ်ကိုင်းပြတ်ရွေ့က အမြဲ active ဖြစ်နေတယ် " ဟု မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ အတွင်းရေးမှူး ဒေါက်တာမျိုးသန့်မှဆိုသည်။

Source : Eleven

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။