အနုပညာလောကမှာ နာမည်ကျော် ထိပ်တန်းမင်သားကြီးလွင်မိုးရဲ့ သမီးချောလေး ယွန်းဝတီလွင်မိုးကို ပရိတ်သတ်တွေချစ်ကြမယ်ထင်ပါတယ်။ယွန်းဝတီလွင်မိုးကလည်း ပရိတ်သတ်တွေ တစ်ခဲနက် အားပေးမှုခံထားရတဲ့ သူလေးလည်းဖြစ်ပါတယ်။ချစ်စရာဟန်ပန် အမှုအရာလေးတွေရယ် အပြုံးလေးတွေကလည်း ယောကျာ်းလေးပရိတ်သတ်တွေကိုကြွေစေခဲ့တာဖြစ်ပါတယ်။

လတ်တလောမှာတော့ instagram က ပုံတွေကြောင့် ယွန်းဝတီလွင်မိုး တစ်ယောက် ကိုယ်ဝန်လွယ်ထားရတဲ့သတင်းတွေ ပရိတ်သတ်တွေကြားထွက်ပေါ်နေခဲ့တာလည်းဖြစ်ပါတယ်။အခုမှာတော့ Instagram မှာထက်မံ ပုံလေးတွေတင်ကာ ကလေးမွေးဖွားပြီးခဲ့တာ ငါးရက်ရှိသွားပြီလို့ ဆထက်မံဖော်ပြထားတာတွေ့ရပါတယ်။

ဦးလွင်မိုး မမေသူ တို့ကလည်း သမီးလေးယွန်းဝတီလွင်မိုးရှိရာ သြစတေးလျကို ရောက်ရှိနေတယ်လို့လည်းသိရပါတယ်။ချစ်ပရိတ်ကြီးတွက် ယွန်းဝတီလွင်မိုးရဲ့ Instagram ကပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ယွန်းဝတီလည်း သာယာတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ပါစေဆုတောင်းပေးလိုက်ပါတယ်နော်။

Source:Yunwaddy(Instagram)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။