သရုပ်ဆောင်ကောင်းပြီး ပွင့်ပွင့်လင်းလင်းနဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး စမိုင်းလ်ကိုတော့ ချစ်ပရိတ်သတ်ကြီး ချစ်မယ်ထင်ပါတယ်နော်။ စမိုင်းလ်တို့ မိသားစုလေးကတော့ စည်းစည်းလုံးလုံးနဲ့ အမြဲတမ်း ပျော်စရာကောင်းတဲ့ မိသားစုလေးမို့ ကြည်နူးစရာကောင်းလှပါတယ်။လတ်တလောမှာလည်း မိသားစုလိုက် ပြည်ပကိုခရီးထွက်နေတာဖြစ်ပြီး နေ့စဉ်ခရီးသွားလာ လှုပ်ရှားမှု ချစ်စရာပုံရိပ်လေးတွေကို ဖေ့ဘွတ်ပေါ်တွင် တင်ထားကြောင်းတွေ့ရပါတယ်။ 

သူမဟာ ပြီးခဲ့လပိုင်းထဲက မိသားစုနဲ့ အတူခရီးတွေ ဆက်တိုက်ထွက်နေတာဖြစ်ပြီး ခရီးသွားပုံရိပ်များကိုလည်း အဆက်မပြတ် ဖော်ပြထားတာတွေ့ရပါတယ်။လတ်တလောမှာလည်း ဒူဘိုင်းမှာ ပင်ကွင်းလေးတွေနဲ့ ရိုက်ထားတဲ့ မိသားစုပုံလေးတွေကို တင်ထားကာ"တစ်ကမ္ဘာလုံးမှာ ဒီတစ်နေရာထဲ ပင်ဂွင်းလေးတွေကို ဖက်ခွင့် နမ်းခွင့် ထိခွင့်ရှိတယ် ဒူဘိုင်းကတော့ ပိုက်ဆံယူတဲ့နေရာ တော်ပါပေတယ် ဖုန်းလုံးဝပေးမယူတော့ သူတို့ရိုက်ပေးသမျှပုံတွေ အကုန်ဝယ်ရတာနဲ့မွဲတယ်"ဟုလည်း အတူတကွဖော်ပြထားတာတွေ့ရပါတယ်။ 

စမိုင်းလ်ကတော့ သူတို့မိသားစုလေးရဲ့ အမှတ်တရပုံရိပ်လေးတွေနဲ့ အတူ ခရီးသွား အတွေ့အကြုံတွေကိုလည်း လူမှုကွန်ယက် ဖေ့ဘွတ် စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။ချစ်ပရိတ်သတ်ကြီးလည်း စမိုင်းလ်တို့ မိသားစုလေးရဲ့ ခရီးသွားအမှတ်တရပုံရိပ်တွေကို ကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Source:Smile

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။