ချစ်ပရိတ်သတ်ကြီးရေ ချစ်စရာဟန်ပန်လေးတွေနဲ့ ပရိတ်သတ်တွေရဲ့ အာရုံကို အမြဲဖမ်းစားညို့ယူခဲ့တဲ့ သရုပ်ဆောင်မင်းသမီးချောလေး ယုသန္တာတင်ကိုတော့ ပရိတ်သတ်ကြီး ချစ်ကြမယ်ထင်ပါတယ်။သူကတော့ မော်ဒယ်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်လာကာ နောက်ပိုင်းမှာတော့ ကြော်ငြာ ဗီဒီယို ဇာတ်ကားများ ရုပ်ရှင်ဇာတ်ကားများ ရိုက်ရသည်ထိ အောင်မြင်မှုရရှိကာ ပရိသတ်အားပေးမှုတွေ များစွာရရှိလာသူ တစ်ယောက်လည်းဖြစ်ပါတယ်။သူမဟာ အမြဲတမ်းချစ်စရာဟန်ပန်လေးနဲ့ စမတ်ကျကျ လှနေသူတစ်ယောက်လည်းဖြစ်ပါတယ်။

ယုဟာ အနုပညာအလုပ်တွေ အရင်ထက်နည်းပါနေပေမဲ့လည်း နေ့စဉ်လှုပ်ရှားမှုပုံရိပ်များကိုတော့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။လတ်တလောမှာလည်း ပန်းနုရောင် မြန်မာဝတ်စုံလေးနဲ့ နန်းဆန်နေတဲ့ ပုံရိပ်လေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။ပန်းနုရောင် မြန်မာဝတ်စုံလေးနဲ့ အလွန်လိုက်ဖက်ကာ ကျက်သရေရှိနေတဲ့ ယုရဲ့ပုံရိပ်လေးတွေကလည်း တစ်မျိုးလေးဆွဲဆောင်မှုရှိနေတာပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ သူမရဲ့ လှပတဲ့ ပုံရိပ်လေးတွေနဲ့အတူ အလှဆုံးနေ့လေးဖြစ်တယ်လို့လည်း ဖော်ပြထားတာတွေ့ရပါတယ်။ယုရဲ့ ကျော့ရှင်းလှပနေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေ ကြည့်ရူ့နိုင်စေရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။အမြဲဖက်ရှင်ကျနေတဲ့ သူမကတော့ ဘယ်ဝတ်စုံဒီဇိုင်းနဲ့မဆို လိုက်ဖက်ကာ စမတ်ကျလှနေတာကလည်း သူမရဲ့ အလှတရားလျှို့ဝှက်ချက်ပဲဖြစ်ပါတယ်။ချစ်ပရိတ်သတ်ကြီးလည်း ယုရဲ့ ချစ်စရာပုံရိပ်လေးတွေကို ကြိုက်နှစ်သက်လိမ့်မယ်ထင်ပါတယ်။ 

Source:Yu Thandar Tin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။