2NE1 ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဒါရာ (Dara) က August လ 8 ရက်နေ့က လွှင့်ခဲ့ တဲ့JTBC ရုပ်သံလှိုင်းမှာ talk show (Abnormal Summit) တွင် ဧည့်သည်တစ်ဦးအနေနဲ့ပါဝင်ခဲ့ပါတယ်။

ထိုရှိုးမှာတော့ သူမက YG Entertainment ကို မဝင်ခင် ဖီလက်ပိုင်နိုင်ငံ (Philippines) မှာဖြတ်သန်းခဲ့ရတဲ့ ဘဝကိုပြောပြခဲ့ပါတယ်။

သူမက ကိုရီးယားကနေ ဖီလက်ပိုင်နိုင်ငံ ကို လေးတန်းအရွယ်လောက်မှာ ပြောင်းရွေ့နေထိုင်ခဲ့ပြီး အသက်နှစ်ဆယ်ကျော်မှ လောက်မှကိုရီးယားကို ပြန်လာခဲ့တာပါ။ 'ကျွန်မရဲ့ ဆယ်ကျော်သက်ဘဝကို အဲ့ဒီမှာပဲကုန်ဆုံးခဲ့တာလေ' လို့လဲရင်ဖွင့်ခဲ့ပါသေးတယ်။

သူမက ကိုရီးယားကနေ ဖီလက်ပိုင်နိုင်ငံ ကို လေးတန်းအရွယ်လောက်မှာ ပြောင်းရွေ့နေထိုင်ခဲ့ပြီး အသက်နှစ်ဆယ်ကျော်မှ လောက်မှကိုရီးယားကို ပြန်လာခဲ့တာပါ။ 'ကျွန်မရဲ့ ဆယ်ကျော်သက်ဘဝကို အဲ့ဒီမှာပဲကုန်ဆုံးခဲ့တာလေ' လို့လဲရင်ဖွင့်ခဲ့ပါသေးတယ်။

'အဲ့ဒီနိုင်ငံမှာ အနုပညာရှင် အနေနဲ့ စတင်လှုပ်ရှား ပြီးတော့ မှ YG မှာ trainee (လေးကျင့်သူ) တစ်ယောက်ဖြစ်ဖို့ အတွက် အကုန်လုံးကိုစွန့်လွှတ်ခဲ့ရတာလေ။' ဟူ၍လဲ သူမအောင်မြင်ဖို့ ပေးဆပ်ခဲ့ရတာတွေကိုလဲ ထပ် ပြောသွားပါတယ်။

ထိုရှိုးရဲ့ host တစ်ယောက်ဖြစ်တဲ့ ဂျောင်ဟရောင်မို က 'အဲ့ဒါဆိုရင် ဟိုနိုင်ငံမှာရော နာမည်ကြီးတဲ့ အဆိုတော်ဖြစ်ခဲ့တာလား?' လို့ မေးခွန်းထုတ်ခဲ့တဲ့ အခါမှာသူမက 'ကျွန်မကနာမည်ပဲကြီးခဲ့တာမှ မဟုတ်တာ၊ ကြိုက်တဲ့သူတွေများလွန်းလို့ ဒါရာရောဂါ (Dara's syndrome) ခဲ့သေးတယ်။' လို့ ရွှတ်ရွှတ်နောက်နောက်နဲ့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

translated by Anna

Source: soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။