ချစ်ပရိတ်သတ်ကြီးရေ နာမည်ကျော် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အကယ်ဒမီမြင့်မြတ်ကို ပရိတ်သတ်တွေချစ်ကြမယ်ထင်ပါတယ်။သူဟာကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် အကောင်းဆုံး သရုပ်ဆောင်နိုင်တာကြောင့် အချိန်ခဏလေးတွင်းမှာတင် နာမည်ကျော်ကြားလူကြိုက်များ အောင်မြင်လာခြင်းဖြစ်ပါတယ်။တစ်ခေတ်တစ်ချိန်ထဲက အောင်မြင်မှုရရှိလာကာ ယနေ့ထိတိုင် အောင်မြင်မှုထိန်းထားနိုင်တာလည်း သူရဲ့အရည်ချင်းတစ်ခုပဲဖြစ်ပါတယ်။

သူရဲ့ သြဂုတ်လ(၇)ရက် နေ့မှာကျရောက်တဲ့ ၃၂ နှစ် ပြည့်မွေးနေ့ရက်မှာပဲ သားဦးရတနာလေးကို ပိုင်ဆိုင်ခဲ့တာပဲဖြစ်ပါတယ်။ကနေ့ သြဂုတ်လ (၈)ရက်နေ့ မှာတော့ မြင့်မြတ်က သားလေးရဲ့ မွေးနေ့အလှူအဖြစ် ရွာမပရိယတ္တိစာသင်တိုက်မှာ နေ့ဆွမ်းဆက်ကပ်ကာ လှူဒါန်းခဲ့တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။သားလေးအတွက် ဝမ်းသားပျော်ရွှင်နေတဲ့ ဖေဖေ မြင့်မြတ်ကိုကြည့်ပြီး အပျော်တွေ ကူးစက်ပြီး ကြည်နူးမိတာအမှန်ပဲဖြစ်ပါတယ်။

ချစ်ပရိသတ်တွေက သူ့ကို ချစ်ခင်အားပေးသလို သားလေးကိုလည်း ချစ်ခင်ပေးကြဖို့ ပရိသတ်တွေကို ပြောထားပြီး ပရိသတ်တွေကလည်း သူရဲ့ ဂျူနီယာမြင့်မြတ်လေးဖြစ်တဲ့ သားသားလေးကို အချစ်ပိုတော့မှာ အမှန်ပဲဖြစ်ပါတယ်။သားလေးတွက် မွေးနေ့အလှူပြုပေးခဲ့တဲ့ ဖေဖေမြင့်မြတ်ရဲ့ အလှူပုံရိပ်များကို ချစ်ပရိတ်သတ်ကြီး ကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Source: Myint Myat

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။