ချစ်ပရိတ်သတ်ကြီးရေ မော်ဒယ်သရုပ်ဆောင် မင်းသမီးချောလေး နွယ်ဒါလီထွန်းကို ပရိတ်သတ်ကြီး ချစ်ကြမယ်ထင်ပါတယ်။သူမဟာ ကိုရီးယားမင်းသမီးလေးလား ထင်မှတ်ရအောင် ချစ်စရာကောင်းနေပြီး ဖက်ရှင်ပိုင်းမှာလည်း စမတ်ကျကျ ဝတ်ဆင်တက်သူ တစ်ယောက်ဖြစ်ပါတယ်။သူမဟာ Oramin-F miss ပြိုင်ပွဲမှာ Winner ရခဲ့ပြီး အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ မော်ဒယ် သရုပ်ဆောင် မင်းသမီးချောလေးဘဲ ဖြစ်ပါတယ်။

သူမဟာ ရိုက်ကူးရေးတွေ ဆက်တိုက်လုပ်နေတယ်လို့လည်းသိရပါတယ်။သူမရဲ့ အနုပညာလှုပ်ရှားမှုများကိုလည်း ဖေ့ဘွတ်ပေါ်တွင်ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာလည်း Huawei Myanmar #nova3 #nova3i ပွဲတက်ရောက်ခဲ့တဲ့ ပုံရိပ်လေးများကို ဖော်ပြထားတာတွေ့ရပါတယ်။သူကတော့ အမြဲဖက်ရှင်အဆန်းတွေနဲ့ ကြွေရုပ်လေးတစ်ရုပ်လို လှပကျော့ရှင်းနေတာပဲဖြစ်ပါတယ်။

ကြွေရုပ်လေးလား ထင်မှားလောက်တဲ့ သူမရဲ့ ချစ်စရာဟန်ပန်လေးတွေကြောင့် မိန်ကလေး အများစု အားကျနှစ်သက်နေတာလည်းဖြစ်ပါတယ်။ချစ်ပရိတ်သတ်ကြီးလည်း နွယ်ဒါလီထွန်းရဲ့ ဖက်ရှင်အလန်းလေးနဲ့ စမတ်ကျလှနေတဲ့ ပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။နွယ်ဒါလီထွန်းလည်း ဒီထက်မက အောင်မြင်မှုတွေ ရပါစေဆုတောင်းပေးလိုက်ပါတယ်။

Source:Nwe Darli Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။