ချစ်ပရိတ်သတ်ကြီးရေ ကိုယ်ပိုင်သံစဉ်လေးတွေကို ဖန်တီးပြီး အသံချိုချိုလေးနဲ့ သီဆိုဖျော်ဖြေရင်း ပရိတ်သတ် အခိုင်အမာရကာနာမည်ကျော်ကြား လူကြိုက်များလာတဲ့ အဆိုတော်ချော်လေး ပိုပိုကိုချစ်ကြမယ်ထင်ပါတယ်။သူမဟာ အချိန်ခဏလေးတွင်းမှာတင်ပရိတ်သတ်အသိမှတ်ပြု လက်ခံလာတဲ့ အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။သူမရဲ့သီချင်းတွေဟာလည်း ဆယ်ကျော်သက်လူငယ်တွေကြားမှာ ရေပန်းစားကာ လူကြိုက်များနေတာလည်းဖြစ်ပါတယ်။

သူရဲ့ အနုပညာ လှုပ်ရှားမှုပုံရိပ်များကိုလည်း ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာတော့ Snap Shots လေးတွေနဲ့ ချစ်စရာကောင်းလွန်းနေတဲ့ ပုံရိပ်လေးတွေကို ဖော်ပြထားပါတယ်။ကလေးလေး တစ်ယောက်လို ချစ်စရာကောင်းနေတဲ့ ပုံရိပ်လေးတွေက ပရိတ်သတ်တွေကို အမြင်တစ်မျိုးနဲ့ ဆွဲဆောင်နေတာလည်းဖြစ်ပါတယ်။ဖက်ရှင်ဒီဇိုင်းဆန်းတွေနဲ့လည်း အမြဲဖက်ရှင်စမတ်ကျနေသူလည်းဖြစ်ပါတယ်။

သူမဟာ သီချင်းအများစုကို ကိုယ်တိုင်ရေးစပ် သီဆိုတာဖြစ်ပြီး ဆယ်ကျော်သက်လူငယ်တွေ ကြိုက်နှစ်သက်အားပေးတာလည်းတွေ့ရပါတယ်။ချစ်ပရိတ်သတ်ကြီးတွကို ပိုပိုရဲ့ ချစ်စရာကောင်းတဲ့ Snap ပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။သူမရဲ့ ရှေ့ဆက်အနုပညာအလုပ်တွေကိုလည်း ဆက်လက်အားပေလိုက်ပါအုံးနော်။ပိုပိုလည်း ဒီထက်မက အောင်မြင်မှုတွေရရှိပါစေဆုတောင်းပေးလိုက်ပါတယ်။

Source:Po Po 

Photo Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။