ချစ်ပရိတ်သတ်ကြီးရေ MRTV4 က စီစဉ်ထုတ်လုပ်တဲ့ ဇာတ်လမ်းတွဲများကနေ လူသိများလာကာ နာမည်ကျော်ကြား လူကြိုက်များလာတဲ့ သရုပ်ဆောင်မင်းသားချောလေး ကျော်စုကိုတော့ ပရိတ်သတ်တွေ ချစ်ကြမယ်ထင်ပါတယ်။သူဟာ ကျရာဇာတ်ရုပ်ကိုပီပီပြင်ပြင်သရုပ်ဆောင်ရင်း ပရိတ်သတ် အသိမှတ်ပြုလက်ခံလာတဲ့ မင်းသားချောလေးဖြစ်ပါတယ်။သူဟာ လတ်တလောမှာလည်းဇာတ်ကားတွေကြော်ငြာတွေရိုက်ကူးနေတယ်လို့လည်းသိရပါတယ်။

သူဟာ သရုပ်ဆောင်ပိုင်းမှာ ပီပြင်ရုံမကပဲ ဖက်ရှင်ဒီဇိုင်းမှာလည်း အမြဲအသစ်သစ်တွေနဲ့ လန်းနေသူလေးလည်းဖြစ်တာကြောင့်မိန်းကလေး ပရိတ်သတ်အများစု အားပေးချစ်ခင်နေကြတာလည်းဖြစ်ပါတယ်။လတ်တလောမှာလည်း သူရဲ့အမိုက်စားပုံရိပ်လေးတွေကိုဖေ့ဘွတ်ပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။ဂျင်းဖက်ရှင်လေးနဲ့ လိုက်ဖက်ကာ စမတ်ကျကျနဲ့ အလန်းစားပုံရိပ်လေးတွေက ဆယ်ကျော်ကောင်မလေးတွေကို ကြွေစေမှာအမှန်ပဲဖြစ်ပါတယ်။

အမြဲစမတ်ကျကျနဲ့ မိုက်နေတဲ့သူကတော့ အခုတစ်ခါမှာလည်း ပေါ့ပေါ့ပါးပါး လူငယ်စတိုင်လ် ဂျင်းဖက်ရှင်လေးနဲ့လည်းမိုက်နေတာအမှန်ပဲဖြစ်ပါတယ်။ချစ်ပရိတ်သတ်ကြီးလည်း ကျော်စုရဲ့ ဂျင်းဖက်ရှင် အမိုက်စားပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန်ဖော်ပြပေးလိုက်ပါတယ်။ရှေ့ဆက်ပြီးလည်း သူရဲ့အနုပညာအလုပ်တွေ ဆက်လက်အားပေးလိုက်ပါအုံးနော်။ကျောစုလည်း ဒီထက်မကအောင်မြင်မှုတွေရရှိပါစေဆုတောင်းပေးလိုက်ပါတယ်။

Source:Kyaw Su

Photo Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။