ချစ်ပရိတ်သတ်ကြီးရေ မော်ဒယ်သရုပ်ဆောင်မင်းသမီးချောလေးနွယ်ဒါလီထွန်းကို ပရိတ်သတ်ကြီး ချစ်ကြမယ်ထင်ပါတယ်။သူမဟာကိုရိးယားမင်းသမီးလေးလား ထင်မှတ်ရအောင် ချစ်စရာကောင်းနေပြီးဖက်ရှင်ပိုင်းမှာလည်း စမတ်ကျကျဝတ်ဆင်တက်သူ တစ်ယောက်ဖြစ်ပါတယ်။သူမဟာ Oramin-F miss ပြိုင်ပွဲမှာ Winner ရခဲ့ပြီး အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ မော်ဒယ် သရုပ်ဆောင် မင်းသမီးချောလေးဘဲ ဖြစ်ပါတယ်။

သူမဟာ မကြာသေးမှီကလည်း နန်းဆုနဲ့Gfatt တို့ရဲ့"အကယ်၍ လက်ထပ်ကြတဲ့အခါ " MVမှာ ပါဝင်သရုပ်ဆောင်ထားတာလည်းတွေ့ရပါတယ်။သူမဟာ လတ်တလောမှာတော့ Huawei Nova 3 launch event ကိုတက်ရောက်ခဲ့တဲ့ အမှတ်တရပုံလေးတွေကို ဖေ့ဘွတ်ပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။အနက်ရောင်ဂါဝန်လေးနဲ့ အလွန်လိုက်ဖက်ကာ ကိုရီးမလေးလား ထင်မှတ်ရလောက်အောင် လှနေတဲ့သူမရဲ့ စမတ်ကျကျဖက်ရှင်ကိုတွေ့မြင်ရတာဖြစ်ပါတယ်။

ကြွေရုပ်လေးလား ထင်မှားလောက်တဲ့ သူမရဲ့ ချစ်စရာဟန်ပန်လေးတွေကြောင့် မိန်ကလေး အများစု အားကျနှစ်သက်နေတာလည်းဖြစ်ပါတယ်။ချစ်ပရိတ်သတ်ကြီးလည်း နွယ်ဒါလီထွန်းရဲ့ ပွဲတက်ဖက်ရှင်လေးနဲ့ စမတ်ကျလှနေတဲ့ ပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။နွယ်ဒါလီထွန်းလည်း ဒီထက်မက အောင်မြင်မှုတွေ ရပါစေဆုတောင်းပေးလိုက်ပါတယ်။

Source:Nwe Darli Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။