ချစ်ပရိတ်သတ်ကြီးရေ နာမည်ကျော်ကြား လူကြိုက်များတဲ့ ဝါရင့် အကယ်ဒမီမင်းသားကြီးရန်အောင်ကို ပရိတ်သတ်ကြီးချစ်ကြမယ်ထင်ပါတယ်။သူကတော့ တစ်ခေတ်တစ်ချိန်ထဲကနေ နာမည်ကျော်ကြားလာကာ ယနေ့ထိတိုင် အောင်မြင်မှုကြီးကိုဆက်လက်ထိန်းသိမ်းနိုင်တာလည်း သူရဲ့ ပါရမီအရည်းချင်းတစ်ခုပဲဖြစ်ပါတယ်။ကျရာဇာတ်ရုပ်တိုင်းကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့တာကြောင့်လည်း အကယ်ဒမီဆု များစွာပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။

ကိုရန်လေးဟာ ရုပ်ရှင်အနုပညာလောကမှာတော့ တကယ့်ဝါရင့် သရုပ်ဆောင်ကောင်းတစ်ဦးဖြစ်ပါတယ်။ခုချိန်ထိ ငယ်ရွှယ်နုပျိုနေတာလည်း အားကျစရာကောင်းလှပါတယ်။အမြဲဖက်ရှင်ဒီဇိုင်းတွေကလည်း ဖန်တီးမှုအသစ်တွေနဲ့ စမတ်ကျနေသူလည်းဖြစ်ပါတယ်။ကိုရန်လေးဟာ လတ်တလောမှာတော့ ပြည်ပခရီးတစ်ခုဖြစ်တဲ့ ဘန်ကောက်မြို့ကို ရောက်နေတဲ့ ခရီးသွားအမှတ်တရပုံများကို ဖော်ပြထားတာတွေ့ရပါတယ်။တကယ့်အမိုက်စား ဒီဇိုင်းတွေနဲ့ အခုချိန်ထိကို သွက်လက်စမတ်ကျနေတာတွေ့မြင်ရတာဖြစ်ပါတယ်။

ကိုရန်လေးကို Myanmar Idol မှာလည်း ဒိုင်တစ်ယောက်အဖြစ် တွေ့မြင်နေရတာလည်းဖြစ်ပါတယ်။တကယ်ကို ဘက်စုံထူးချွန်သူတစ်ယောက်ပဲဖြစ်ပါတယ်။ချစ်ပရိတ်သတ်ကြီးလည်းကိုရန်လေးရဲ့ ခရီးသွားအမှတ်တရ ပုံရိပ်လေးတွေကို ကြည့်ရူ့ရအောင်မျှဝေပေးလိုက်ပါတယ်။ရှေ့ဆက်ပြီးလည်း ကိုရန်လေးရဲ့ အနုပညာအလုပ်တွေကို ဆက်လက်အားပေးလိုက်ပါအုံးနော်။

Source: Ko Yan Lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။