ချစ်ပရိတ်သတ်ကြီးရေ နှုတ်ခမ်းနီမလေးတွေ အသဲစွဲ ဆယ်ကျော်သက်လူငယ်တွေကြား ရေပန်းစားလူကြိုက်များနေတဲ့ အဆိုတော် Gfattကို ပရိတ်သတ်ကြီး ချစ်ကြမယ်ထင်ပါတယ်။သူဟာ သီချင်းများကို ကိုယ်တိုင်ရေးသားဖန်တီးကာ အသံအေးအေးလေးဖြင့် သီဆိုဖျော်ဖြေကာ ထိမိတဲ့စာသားတွေကြောင့် အချိန်ခဏလေးတွင်းမှာတင် အောင်မြင်မှုရရှိလာတာပဲဖြစ်ပါတယ်။သီချင်းများကိုသီဆိုဖျော်ဖြေရာတွင်လည်း ဖက်ရှင်ဒီဇိုင်း မိုက်မိုက်ဖြင့်သီဆိုဖျော်ဖြေတက်သူလည်းဖြစ်ပါတယ်။

သူဟာ လတ်တလောမှာလည်း နန်းစုနဲ့အတူ"အကယ်၍လက်ထပ်ကြတဲ့အခါ" MV လေးထွက်ရှိထားတာဖြစ်ပြီး ပရိတ်သတ်များကြိုက်နှစ်သက်အားပေးကြတာလည်းတွေ့ရပါတယ်။သူဟာ နေ့စဉ်လှုပ်ရှားမှုများကို ဖေ့ဘွတ်ပေါ်တွင် ဖော်ပြလေ့ရှိရာ လတ်တလောမှာလည်း နန်းစုနဲ့အတူ Samsung Galaxy J8 Launch event ကိုတက်ရောက်ခဲ့တဲ့ အမှတ်တရပုံရိပ်များကို ဖော်ပြထားတာတွေ့ရပါတယ်။ဒီပွဲမှာတော့ သူရဲ့ပရိတ်သတ်တွေ အများပြားလာရောက်တာတွေ့ရပြီး ပရိတ်သတ်တွေနဲ့ တွေ့ဆုံရလို့ အရမ်းပျော်ရွှင်ပါတယ်လို့လည်းဖော်ပြထားပါတယ်။

သူတို့ ချစ်သူနှစ်ဦးအတူ တွဲရိုက်ထားတဲ့ပွဲတက်ပုံရိပ်လေးတွေကလည်း တကယ်ကို မြင်ရသူဖို့ ကြည်နူးစရာ ကောင်းတာအမှန်ပဲဖြစ်ပါတယ်။ချစ်ပရိတ်သတ်ကြီးလည်း Gfattရဲ့ ပွဲတက်အမှတ်တရ ပုံရိပ်လေးတွေကို ကြည့်ရူ့ရအောင်မျှဝေပေးလိုက်ပါတယ်။Gfattလည်း ဒီထက်မကအောင်မြင်မှုတွေရရှိပြီး ချစ်သူလေးနဲ့အတူ ပျော်ရွှင်စွာ ထာဝရလက်တွဲနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Source:Gfatt

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။