ချစ်ပရိတ်သတ်ကြီးရေ သရုပ်ဆောင်မင်းသမီးချောလေး ယုသန္တာတင်ကိုတော့ ပရိတ်သတ်ကြီး ချစ်ကြမယ်ထင်ပါတယ်။သူကတော့ မော်ဒယ်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်လာကာနောက်ပိုင်းမှာတော့ ကြော်ငြာ ဗီဒီယို ဇာတ်ကားများရုပ်ရှင်ဇာတ်ကားများရိုက်ရသည်ထိ အောင်မြင်မှုရရှိကာ ပရိသတ်အားပေးမှုတွေ များစွာရရှိလာသူ တစ်ယောက်လည်းဖြစ်ပါတယ်။သူမဟာ အမြဲတမ်းချစ်စရာဟန်ပန်လေးနဲ့ စမတ်ကျကျ လှနေသူတစ်ယောက်လည်းဖြစ်ပါတယ်။

သူမဟာ လတ်တလောမှာတော့ ခရီးတွေထွက်နေတာဖြစ်ပြီး ပုဂံမြို့ကိုရောက်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ရှေးဟောင်ပုဂံမြို့ကြီးရဲ့ သဘာဝအလှတရားတွေကို နောက်ခံထားကာ အဝါရောင်ဂါဝန်လေးနဲ့ အရမ်းကိုလှနေတဲ့ သူမရဲ့ပုံရိပ်လေးတွေက မြင်ရသူဖို့ကြည်နူးစရာကောင်းတာအမှန်ပဲဖြစ်ပါတယ်။အဝါရောင် ဖက်ရှင်လေးနဲ့ သူမရဲ့ပုံရိပ်လေးတွေက နတ်သမီးလေးလို့တောင် ထင်မှားရလောက်အောင် အလှကြီးလှနေတာပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ သူမရဲ့ လှပတဲ့ အဝါရောင်ဝတ်စုံလေးနဲ့ လှပကျော့ရှင်းနေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေကြည့်ရူ့နိုင်စေရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။အနုပညာအလုပ်တွေ နည်းပါးနေပေမဲ့လည်း သူမရဲ့နေ့စဉ်လှုပ်ရှားမှုပုံရိပ်လေးတွေကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြပေးလျက်ရှိပါတယ်။ချစ်ပရိတ်သတ်ကြီးလည်း ယုရဲ့ ချစ်စရာပုံရိပ်လေးတွေကို ကြိုက်နှစ်သက်လိမ့်မယ်ထင်ပါတယ်။

Source:Yu Thandar Tin

Photo Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။