ချစ်ပရိတ်သတ်ကြီးရေ မော်ဒယ်သရုပ်ဆောင် မင်းသမီးချောလေး ခင်ရူပကို ပရိတ်သတ်ကြီးချစ်ကြမယ်ထင်ပါတယ်။ခင်ရူပကတော့မော်ဒယ်လောကမှာ ပရိတ်သတ်တွေသိရှိပြီးသား အသိအမှတ်ပြုခံထားရတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။သူမရဲ့ သွယ်လျတဲ့ခန္ဓာအမိုက်စားလေးကြောင့် မော်ဒယ်လောကမှာ အောင်မြင်ရရှိခဲ့သူလေးဖြစ်ပါတယ်။လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာပေါ်တွင်လည်း သူမရဲ့ ပရိသတ်တွေအတွက် အမြဲစာသားလေးတွေရေးတင်ပေးလေ့ရှိတာလည်းတွေ့ရပါတယ်။

သူမဟာလတ်တလောမှာတော့ Tomorrowland 2018 ပွဲကြီးကို ရောက်ရှိနေတာဖြစ်ပြီး အမိုက်စားဖက်ရှင်တွေနဲ့ လန်းနေတဲ့ပုံရိပ်လေးတွေကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။ဖက်ရှင်အမိုက်စားတွေနဲ့ ပျော်ရွှင်ဆင်နွဲနေသလို မြန်မာဝတ်စုံလေး ဝတ်ဆင်ကာ မြန်မာအလံဖြင့် ရိုက်ထားတဲ့ ပုံရိပ်လေးတွေကိုလည်း ကြည်နူးစွာတွေ့မြင်ရပါတယ်။သူမရဲ့ Tomorrowland မှာပျော်နေတဲ့ အမိုက်စားဖက်ရှင်တွေနဲ့ လန်းနေတဲ့ ပုံရိပ်လေးတွေအပြင် အမှတ်တရာဗီဒီယိုလေးတွေပါ ဖော်ပြထားတာတွေ့ရပါတယ်။

သူမဟာ အနုပညာအလုပ်တွေ နည်းပါပေမဲ့ သူမရဲ့နေ့စဉ် လူပ်ရှားမှုပုံရိပ်များကို ဖေ့ဘွတ်ပေါ်တွင်ဖော်ပြလေ့ရှိပါတယ်။ပရိသတ်တွေတော်တော်များများကတော့ ချစ်စရာကောင်းတဲ့ သူမကိုတော့ အားပေးမှုတွေ ယနေ့ထိတိုင် ရှိနေတယ်ဆိုတာတော့ အမှန်ပဲဖြစ်ပါတယ်။ချစ်ပရိတ်သတ်ကြီးတွက် Tomorrowland မှာ rave နေတဲ့ ခင်ရူပရဲ့ ဖက်ရှင်အမိုက်စားတွေကို ကြည့်ရူ့နိုင်စေရန်ဖော်ပြပေးလိုက်ပါတယ်။

Source:Khin Yu Pa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။