ချစ်ပရိတ်သတ်ကြီးရေ နာမည်ကြီး မိန်းကလေးအများစုရဲ့ အချစ်တော်ကြီး Beauty Blogger ချောလေးနေခြည်ဦးကိုတော့ ပရိတ်သတ်ကြီး အသဲစွဲချစ်ကြမယ်ထင်ပါတယ်။သူမရဲ့ ပွင့်ပွင့်လင်းလင်း စကားပြောဟန် သွက်သွက်လက်လက်နဲ့ အမူအရာဟန်ပန်လေးတွေကြောင့် မိန်းကလေးအများစုရဲ့ အချစ်တွေကိုပိုင်ဆိုင်ထားရတာလည်းဖြစ်ပါတယ်။ချီချီဟာ beauty blogger အဖြစ်လူသိများကြော်ကြားလာကာ နောက်ပိုင်းမှာတော့ ကြော်ငြာ ဗီဒီယိုဇာတ်ကားတွေသာမကပဲ ရုပ်ရှင်ဇာတ်ကားများရိုက်ရသည်အထိ အောင်မြင်မှုရရှိလာသူဖြစ်ပါတယ်။

သူမရဲ့ ဖက်ရှင်ဟာဆိုရင်လည်း ခေါင်းအစခြေအဆုံး အမြဲအသစ်သစ်တွေ အမိုက်စားတွေနဲ့ မရိုးနိုင်အောင်လန်းနေတာကြောင့်မိန်းကလေးအများစု အားကျနှစ်သက်နေရသူလေးလည်းဖြစ်ပါတယ်။သူမဟာ မကြာခင်ကလည်း ကိုရီးယားသို့သွားရောက်ကာ Plastic Surgery ပြုလုပ်ပြီး အရင်ထက်ပိုမိုလှပနေတာလည်းတွေ့မြင်ရပါတယ်။လတ်တလောမှာတော့ သူမရဲ့ချစ်စရာပုံရိပ်လေးနဲ့အတူ "ကိုယ်ကိုယ်တိုင် ဖန်တီးလို့ရတဲ့ လွတ်လပ်မှုကမှ တစ်ကယ့်အနှစ်ပါ "ဆိုတဲ့ စားသားလေးကို ဖေ့ဘွတ်ပေါ်တွင်ဖော်ပြထားပါတယ်။

သူမဟာ အရည်းချင်းပြည့်ဝတဲ့ beauty blogger တစ်ဦးဖြစ်တဲ့အပြင် သူမရဲ့ပရိတ်သတ်တွေကိုလည်း ဖေ့ဘွတ်ပေါ်ကနေ မိတ်ကပ်ပစ္စည်းအမျိုးမျိုး အလှအပဆိုင်ရာအမျိုးမျိုး အတွေ့အကြုံများကို ပရိတ်သတ်တွေ ဗဟုသုတရအောင် အမြဲအကြံပေးကာ မျှဝေပေးနေသူလေးလည်းဖြစ်ပါတယ်။ဘယ်လိုနေနေ အပြုံးလေးတွေနဲ့ ဆွဲဆောင်ကာ အမြဲစမတ်ကျနေသူလေးမို့ မိန်းကလေးတွေ အားကျစရာကောင်းနေသူလေးဖြစ်ပါတယ်။

Source:Nay Chi Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။