ချစ်ပရိတ်သတ်ကြီးရေ နူတ်ခမ်းမလေးတွေအသဲစွဲ body အမိုက်စားလေးကိုပိုင်ဆိုင်ထားတဲ့ မော်ဒယ် မင်းသားချောလေး ထူးအောင်ကို ပရိတ်သတ်ကြီးသိကြမယ် ထင်ပါတယ်နော်။သူရဲ့ ယောကျာ်းပီသတဲ့ ကိုယ်ခန္ဓာအမိုက်စားလေးကြောင့် မိန်းကလေးပရိတ်သတ် အများစုအားပေးချစ်ခင်မှုကို ရရှိထားသူလေးဖြစ်ပါတယ်။

သူဟာ လတ်တလောမှာတော့ Maldives ကမ်းခြေကို အနုပညာရှင် အချို့နဲ့သွားရောက်တာခဲ့တာဖြစ်ပြီး အမှတ်တရအလှပုံရိပ်များနဲ့ နေ့စဉ်လှုပ်ရှားမှုများကို ဖေ့ဘွတ်ပေါ်တွင်ဖော်ပြထားပါတယ်။ခရီးစဉ်မှာ ပျော်ရွှင်မှုအမှတ်တရတွေနဲ့ အတွေ့အကြုံတွေကိုလည်း ဖော်ပြထားပြီး ဒေသကဝတ်စုံလေးဝတ်ဆင်ကာလည်း အမှတ်တရ ရိုက်ကူးထားပုံလေးတွေကို တင်ထားတာတွေ့ရပါတယ်

ထူးအောင်တစ်ယောက် ဒေသဝတ်စုံလေးနဲ့ သူရဲ့ယောကျာ်းပီသတဲ့ ခန္ဓာကိုယ်အရပ်အမောင်းနဲ့က အလွန်ပင်လိုက်ဖက်နေတာကြောင့် မိန်းကလေးပရိတ်သတ်တွေ အချစ်ပိုစေမှာအမှန်ပဲဖြစ်ပါတယ်။ထူးအောင်ရဲ့ဖက်ရှင်အသစ်ဆန်းလေးနဲ့ ပုံရိပ်တွေကို ချစ်ပရိတ်သတ်ကြီး ကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Source:Htoo Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။