ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက် ၊ ရွှေမင်းဝံဗဟိုလမ်း ရှိ ကောင်းလှိုင် တည်းခိုခန်း အခန်းအမှတ် ( ၁၄ ) တွင် စက်တင်ဘာလ ၂၁ ရက် နံနက် ၁၀ နာရီဝန်းကျင် အချိန်၌ အမျိုးသမီးတစ်ဦးသည် သုံးပေခန့်မြင့်သော ပြတင်းပေါက်ဘောင်တွင် လျှပ်စစ်မီးကြိုးဖြင့်ချည်ပြီး မှောက်လျှက် လျှောချ အနေအထားဖြင့်ကြိုးဆွဲချသေဆုံးနေကြောင်း ကော့သောင်းမြို့မ ရဲစခန်းမှ သိရသည်။

"လက်ရှိမှာတော့ သူ့မိဘတွေရှိတဲ့ မြိတ်မြို့ကို အကြောင်းကြား ထားပါတယ်။ ဓမ္မတာအတိုင်းသေတာလား ဒါမှမဟုတ် ဘာကြောင့်သေတာလဲ ဆိုတာကိုတော့ စစ်ဆေးနေတုန်းပါ။ သူရေးခဲ့တဲ့ စာထဲကအတိုင်းဆိုရင်တော့ သူ့ကောင်လေးဆီ လာတွေ့ရင်းနဲ ့သေဆုံးတာဖြစ်တဲ့အတွက် သူ့ကောင်လေးကိုလဲ ရှာဖွေနေပါတယ်။ စာထဲမှာက ကိုအောင်ကိုမင်းကို အချစ်ဆုံးပါ။ ကို့အနားမှာ လိပ်ပြာအဖြစ်အမြဲရှိနေမယ် ဆိုပြီးရေးထားပါတယ် " ဟု ကော့သောင်းမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည် ။

Source : myanmarmagazine

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။