ပလတ်စတစ် ဆာဂျရီ လုပ်လိုက်မှ ပိုရုပ်ဆိုးသွားတဲ့ ထိုင်းကမော်ဒယ် ဆေးရုံကို တရားစွဲ

သူ့ရဲ့မော်ဒယ်အလုပ်အတွက် ထိုင်းကမော်ဒယ်တစ်ယောက်က မေးရိုးပြန်ပုံဖော်တဲ့ ခွဲစိတ်မှု လုပ်ခဲ့ပါတယ်။ ဒါပင်မဲ့လည်း အဲ့ဆုံးဖြတ်ချက်ဟာ ခွဲစိတ်မှုအပြီးမှာတော့ သူမဘဝရဲ့ အကြီးဆုံး အမှားဖြစ်ခဲ့ပါတယ်။

Ploy ဟာ ခွဲစိတ်မှုအတွက် ထိုင်းဘတ် တစ်သိန်းကိုးသောင်း၊ ဒေါ်လာ ငါးထောင့်ငါးရာခန့်ပေးခဲ့ရပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာဘဲ ဆေးရုံကို ခွဲစိတ်မှု အတွက် တရားစွဲခဲ့ပါတယ်။ သူမရဲ့ မေးရိုးနဲ့ ပါးပြင် ပိုလှလာမယ် ထင်တာကြောင့် ခွဲစိတ်ခဲ့တာ ဖြစ်ပင်မဲ့ ပိုဆိုးသွားတာကို တွေ့ခဲ့ရပါတယ်။ သူမရဲ့ မေးစေ့မှာ မီးလောင်ကွက်လိုမျိုးဖြစ်ပြီး ပါးရိုးနဲ့ ပါးစပ်လည်း ပုံမကျတော့ပါဘူး။

ဆေးရုံကတော့ ခွဲစိတ်ကိရိယာကြောင့် မီးလောင်ကွက်ဖြစ်တာ ဖြစ်ပြီး မကြာခင်ပြန်ကောင်းမှာမို့ မစိုးရိမ်နဲ့ဆိုတာဘဲ ပြောခဲ့ပါတယ်။ မျက်နှာကိုပြန်ပြင်ဖို့အတွက် ဆေးရုံကို ကြိမ်ဖန်များစွာ သွားခဲ့ပင်မဲ့ ဘာမှ ထူးမလာတာကို သိလိုက်ရပါတယ်။

ဆေးရုံက သူမ မသက်သာလာကို တွေ့ရတော့ ထပ်လာပြရင် ပိုက်ဆံတောင်းမယ်လို့တောင် ပြောခဲ့ပါတယ်။ သူမအမေနဲ့ တိုင်ပင်ခဲ့ပြီး နောက်ဆေးရုံတစ်ရုံကို ပြောင်းပြတဲ့ အခါမှာတော့ မျက်နှာကို ပုံစံကျအောင် ပြန်ချုပ် ရမယ်ပြောပြီး တစ်ခါပြတိုင်း $430 ကုန်မယ်ပြောပါတယ်။

နောက်ဆုံးမှာတော့ ဆေးရုံကို တရာစွဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။

သူမက “ ကျွန်မမှာ ယုံကြည်ချက် မရှိတော့ပါဘူး။ အလုပ်လည်း လုပ်လို့မရသလို ဘယ်မှလည်း သွားလို့ အဆင်မပြေတော့ဘူး ။ ဘာဖြစ်လို့လဲဆိုတော့ စကားလည်း ဆက်တိုက်ပြောလို့မရဘဲ ပါးစပ်ကသွားရည်တွေလည်း အမြဲကျနေပါတယ်။ ရစရာရှိတဲ့ ဝင်ငွေတွေလည်းဆုံးရှုံးခဲ့ရပါတယ်။ အဲ့ဒါကြောင့် တရားမျှတမှုကို လိုချင်တယ်လို့” ပြောခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။