ကိုယ်တွေပဲ အသက်ကြီးလာတာလား? သူတို့ပဲ အရွယ်ရောက်လာတာ လားတော့ မသိဘူး။ လာပြန်ပြီ ရည်စားရသွားတဲ့ နောက်တစ်ယောက်။ အိပ်မက်လေတံခွန် (Dream High 2) ထဲမှာ သရုပ်ဆောင်ထားတဲ့ 2AM အဖွဲ့ဝင် ဖြစ်ခဲ့ တဲ့ Jinwoo နဲ့ Wonder Girls က Yenny တို့ ဟာ ချစ်သူတွေဖြစ်ကြောင်းအတည်ပြု....

အိပ်မက်လေတံခွန် (Dream High 2) ထဲမှာ သရုပ်ဆောင်ထားတဲ့ မင်းသားလေး ဂျင်ဝူးကို မှတ်မိကြမယ်ထင်ပါတယ်။ 2AM အဖွဲ့ ဝင်ဖြစ်ခဲ့တဲ့ ဂျင်ဝူးနဲ့ Wonder Girls က Yenny တို့ဟာ တွဲနေတာ သုံးနှစ်တောင်ရှိပြီလို့ သိရပါတယ်။

ယခုဆိုရင် ဂျင်ဝူးက အသက် ၂၆ နှစ်ဖြစ်ပြီး ရန်နီက တော့ ၂၈ နှစ်ရှိပါပြီ။ သူတို့ဟာ JYP မှာ အေဂျင်စီတူတုန်းက ကြိုက်ခဲ့ကြတာ ဖြစ်ပြီး Mystics Entertainment ကိုဂျင်ဝူးပြောင်းသွားခဲ့ သော်လည်း ၂၀၁၄ ထဲက ကြိုက်ခဲ့ကြတဲ့ သူတို့ နှစ်ယောက်က မပြောင်းလဲခဲ့ပါဘူး။

ဒီသတင်းကိုတော် အေဂျင်စီ နှစ်ဘက်လုံးက အတည်ပြုခဲ့ကြပါတယ်။

translated by Anna

Source: koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။