ကျောက်တံတားမြို့နယ်တွင် အိမ်အကူမိန်းကလေးငယ်များအား

ညှင်းပန်းနှိပ်စက်ပြီး လုပ်ခလစာများမပေးခဲ့သည့်ဖြစ်စဉ်မှ ပြစ်မှု

ကျောက်တံတားမြို့နယ်တွင် အိမ်အကူမိန်းကလေးငယ်များအား ညှင်းပန်း

နှိပ်စက်ပြီး လုပ်ခလစာများမပေးခဲ့သဖြင့် ကျောက်တံတားမြို့ရဲစခန်း

(ပ)၁၉၃/၂၀၁၆၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂

ဖြင့် အရေးယူဆောင်ရွက်လျက်ရှိသော အမှုမှပြစ်မှုကျူးလွန်သူများအား

ဖမ်းဆီး ရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက

လိုက်လံစုံစမ်းရှာဖွေခဲ့ရာ ပြစ်မှုကျူးလွန်သူနှစ်ဦးအနက် ဒေါ်တင်သူဇာ၊

(၅၇)နှစ်အား ၎င်း၏အဒေါ်ဖြစ်သူနေထိုင်သော သင်္ဃန်းကျွန်းမြို့နယ်၊

(ခ)ရပ်ကွက်၊ ပြည်တော်သာလမ်းရှိနေအိမ်မှ ၂၀.၉.၂၀၁၆ ရက်နေ့

၂၁၄၀ အချိန်တွင် ဖမ်းဆီးရမိခဲ့သဖြင့် အမှုဖြင့်စစ်ဆေးဆောင်ရွက်လျက်

ရှိကြောင်းနှင့် ကျန်ပြစ်မှုကျူးလွန်သူ မစုမွန်လတ်အား ဖမ်းဆီးရမိရေး

ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Credit : Yangon Police

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။