ည ၁၂ နာရီကြီး Pokemon Go ကစားနေတုန်း ဓားပြတိုက်ခံလိုက်ရတဲ့ အမျိုးသား

New York Central Park မှာ ၄၃ နှစ်အရွယ်ရှိတဲ့ အမျိုးသားတစ်ဦး တနင်္ဂနွေနေ့ညက Pokemon Go ကစားနေတုန်း တိုက်ခိုက်ခံခဲ့ရပါတယ်။

ပန်းခြံရဲ့အနောက်တောင်ဘက် ဝင်ပေါက်မှာ ကစားနေတုန်း အမျိုးသားတစ်ယောက်က အနောက်ကနေ ခေါင်းကိုထိုးပြီး သူ့ရဲ့ဖုန်းနဲ့ ပါလာတာတွေကို ယူသွားတာဖြစ်ပါတယ်။

live stream မှပုံ
live stream မှပုံ

ကံကောင်းတာက သူ Pokemon Go ကစားနေတာကို twitch မှာ live လွှင့်နေတုန်း ဖြစ်သွားတဲ့အတွက် video ကနေ သဲလွန်စပြန်ရှာရနိုင်ပါတယ်။

သူ့ရဲ့ twitch ကိုကြည့်နေတဲ့လူတွေက ရဲကိုဖုန်းဆက်ခေါ်ပေးတဲ့အတွက် ဆေးရုံမရောက်ခင်ဘဲ အရင်အမှုဖွင့်နိုင်လိုက်ပါတယ်။ ရဲတွေကတော့ video ကိုစုံစမ်းတဲ့နေရာမှာ အသုံးပြုသွားမယ်ို့ ပြောကြားခဲ့ပါတယ်။

Pokemon Go ကို July လကစတင်ဖြန့်ချီခဲ့ပြီး ညဘက်ထွက်ကစားတဲ့ လူတွေကို ဓားပြတိုက်မှုတွေ ရှိခဲ့ပါတယ်။

ဆေးရုံတွင်ရိုက်ထားသောပုံ
photo from twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။