ကြောင်သေနဲ့ ပြုလုပ်ထားတဲ့အိတ် $1400 နဲ့ရောင်းချ

New Zealand ကလေလံဆွဲတဲ့ website Trade Me မှာ ကြောင်သေနဲ့ပြုလုပ်ထားတဲ့ အိတ်ကို $1400 သတ်မှတ်ထားပါတယ်။ အိတ်ကို တိရိစ္ဆာန်အလောင်းတွေကို ပုံသွင်းကျွမ်းကျင်တဲ့သူ Clare Hobbs ကိုယ်တိုင်ပြုလုပ်ထားတာ ဖြစ်ပါတယ်။

ဘယ်တိရိစ္ဆာန်ကိုမှ သတ်ပြီးလုပ်ထားတာ မဟုတ်ဘူးလို့တော့ ဖော်ပြထားပါတယ်။ website ရဲ့တာဝန်ရှိသူကလည်း compnany အနေနဲ့ ဘယ်တိရိစ္ဆာန်ကိုမှ တမင်မသတ်ဘူးဆိုတာ သေချာမှ ရောင်းခွင့်ပြုခဲ့တာလို့ ပြောပါတယ်။ ဒါကထူးခြားပြီးလှပတဲ့ သာမန်နဲ့ မတူတဲ့ အိတ်တစ်အိတ်ပါ။ ဒီလေလံက ဝယ်သူတွေကို ရက်အနည်းငယ်ကြာအထိ ဆွဲဆောင်နိုင်မယ်လို့ ပြောခဲ့ပါတယ်။

တစ်ဖက်ကလည်း တိရိစ္ဆာန်အခွင့်အရေး စောင့်ရှောက်သူ Hans Kriek ကတော့ မဖြစ်သင့်ဘူးလို့ ဝေဖန်လိုက်ပါတယ်။ ဒါကလက်ခံနိုင်စရာမရှိပါဘူး။ ကြောင်တစ်ကောင်ကို အိတ်တစ်လုံးအဖြစ် ပြောင်းပစ်တာ။

လေလံကို ဒီဗုဒ္ဓဟူးနေ့မှာ ပိတ်ခဲ့ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။