ယခုတလောမှာ တော့ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင်၊ ခိုင်သင်းကြည်၊ မိုးဟေကို နဲ့ ဖွေးဖွေးတို့တွဲ နေတဲ့ ပုံတွေကို နေရာအနှံ့မှာပြန့်နှံ့ နေတာ ကိုတွေ့ရမှာပါ။ အဲ့ပုံတွေရဲ့နောက်ကြောင်းကတော့......

ပုံထဲမှာ မြင်ရတဲ့ အတိုင်း ဆံပင်စတိုင်ပြောင်းလိုက်တာနဲ့ ဆယ်ကျော်သက်အရွယ်လို့ထင်ရလောက်အောင် ပြောင်းလဲသွားတဲ့ မိုးဟေကို ကို တွေ့ရမှာပါ။ ထိုဆံပင်ပုံစံ ဟာ သူမ ကြော်ငြာတစ်ခုရိုက်ဖို့ အတွက်ပြောင်းထားတာဖြစ်ပြီး တကယ်ကို လိုက်ဖက်တဲ့ ကေမျိုးပါ။ အင်္ဂလပ် နာမည်ကြီး အဆို တော် Ariana Grande ရဲ့ ပင်တိုင် ဆံပင်ပုံစံ ဆိုလဲ မမှားပါဘူး။ တကယ့်ကို အသက်ကို ဖုံးကွယ်ပေးနိုင်တဲ့ ဆံပင်ပုံစံမျိုးပါ။

နာမည်ကျော် မင်းသမီး ငါးယောက်ဟာ ပုံစံမျိုးစုံ စတိုင်မျိုးစုံ နဲ့ ပုံတွေက တကယ်တော့ Bella ဆိုတဲ့ အမျိုးသမီး cosmetic brand အတွက် ဓာတ်ပုံ ရိုက်နေကြတာဖြစ်ပါတယ်။ မင်းသမီး အကြီးစားကြီးတွေ သုံးထားတဲ့ ထို တံဆိပ်က တော့ နှုတ်ခမ်းနီ က နေ စတင်ပြီး ဖြန်ကြည် မယ်လို့ ခန့်မှန်းရပါတယ်။ နှုတ်ခမ်းနီတွေ အပြိုင်ထုတ်နေကြတဲ့ အထဲမှာ စကေး အကြီးကြီးသုံးထားတဲ့ ဒီတံဆိပ်ဟာ စျေးကွက်ကို ထိုးဖောက်နိုင်ပါ့မလား?

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။