Bill Ellis ဟာ Tennesseeပြည်နယ် Nashville မြို့ရှိ Christ Presbyterian Academy မှာ သင်ကြားပေးနေတဲ့ ဆရာတစ်ဦးဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ ၂၀၁၅၊ ဒီဇင်ဘာမှာ အစာအိမ်ပြွန်ကင်ဆာ ခံစားနေရသူဖြစ်ပြီး အဆုတ်ထိကို ကင်ဆာဆဲလ်တွေ ပြန့်နှံခဲ့တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့အပတ်မှာတော့ ကျောင်းသား လေးရာကျော်ဟာ Ben ရဲ့အိမ်ရှေ့မှာ လာရောက်စုဝေးပြီး ကင်​ဆာ​ရောဂါဒဏ်ခံနေရတဲ့ သူတို့ရဲ့ဆရာကို လာရောက်အားပေးခဲ့ကြပါတယ်။ 

ကျောင်းအုပ်ဆရာကြီးဖြစ်တဲ့ Nate Morrow က ဒါဟာ သူ့ဘဝမှာ ကြုံခဲရသမျှထဲမှာ အလှပဆုံးဖြစ်ရပ်လို့ ပြောခဲ့ပါတယ်။ Ben ဟာ ကြင်နာပြီး သဘောကောင်းတဲ့ ဆရာတစ်ယောက်ဖြစ်ပြီး တပည့်တွေနဲ့အတူ အမြဲတစ်ရင်းတစ်နှီးနေတတ်ပြီး တပည့်တွေအတွက် အမြဲအဆင်သင့်ရှိနေတတ်သူလို့ ဆိုပါတယ်။

တပည့် လေးရာကျော်လောက် လာရောက်အားပေးတာကို Ben ကတော့ ပြတင်းပေါက်ကနေ အသက်ရှူပိုက်တပ်ထားရင်း ထိုင်ကြည့်ရင်း မျက်ရည်လည်ခဲ့ရပါတယ်။ သူ့ဘဝရဲ့ တန်ဖိုးအရှိဆုံးအချိန်လေးဖြစ်မှာပါ။

Source : sunmyskyz

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။