သူတို့ နှစ်ယောက်ဟာဆိုရင် ပရိသတ်တွေ အပေးစားချင်ဆုံး အတွဲ တွေထဲမှာပါ ပါတယ်။ ကိုရီးယား နိုင်ငံ က အလှပဂေး မင်းသမီးလေးစြ်တဲ့ ပတ်ရှင်ဟေးကို နာမည်ကြီးအဆိုတော်အဖွဲ့ 2pm က တက်ခ်ယောင်းဟာဆိုရင် ကြိတ်ကြိုက်နေတာကြာပါပြီ။ အခုတော့သူဝန်ခံလိုက်ပြီလား.....

SBS ရုပ်သံလှိုင်က တီဗီ ပရိုဂရမ်တစ်ခုဟာ 2pm က တက်ခ်ယောင်းကို အင်တာဗျူးလုပ်ခဲ့ပါတယ်။ အဲ့ဒီအင်တာဗျူးထဲမှာ တက်ခ်ယောင်းက သူနဲ့ ပတ်ရှင်ဟေးနဲ့ က 3 meals a day ဆိုတဲ့ တီဗီ ပရိုဂရမ်း မှာ စပြီးရင်းနှီးခဲ့တာပါလို့ပြောကြားခဲ့ပါတယ်။

အစီအစဉ်တင်ဆက်သူကနေ ထပ်ပြီးတော့ 'ဘာလို့ အဲ့ဒီမင်းသမီးလာတုန်းက ရှက်နေရတာလဲ' ဆိုပြီးမေးတဲ့ အခါ သူ က 'ဘယ်သူက မရှက်ဘဲ နေမှာလဲဗျာ။ သူမ က ဒီလောက်တောင်လှတာကို။' ဆိုပြီးပြန်လည်ဖြေကြားခဲ့ပါတယ်။

ထိုလူက ဆက်ပြီးတော့ 'မင်း က တခြားမင်းသားတွေနဲ့ အပြိုင် သူမကို ပိုးနေတာလား' လို့ ပတ်ရှင်ဟေး 'ဆရာဝန်များ' (Doctors)ဇာတ်လမ်းတွဲ ရိုက်နေတုန်းက တက်ခ်ယောင်းက ကော်ဖီထရပ်ပို့ခဲ့တဲ့အပေါ် မေးခဲ့တဲ့အခါမှာ တော့ 'ကျွန်တော်က ကျွန်တော်တစ်ယောက်ထဲပဲပို့တယ် ထင်နေတာ အခြားသူတွေက လဲသူမကို ပစ္စည်းတွေအများကြီးပို့ကြတာပဲ' လို့ ရယ်ပြီးပြောသွားပါတယ်။

သူက အင်တာဗျူးအပြီးမှာ တော့ ပတ်ရှင်ဟေးကို တီဗီကနေ တဆင့် 'ရှင်ဟေးရေ... ကျွန်တော် Doctors ဇာတ်လမ်းတွဲကို လဲ ကောင်းကောင်း ကြည့်ရပါတယ်။ကျွန်တော်ပို့လိုက်တဲ့ ကော်ဖီထရပ်ကလဲ အကူအညီဖြစ်မယ်လို့ ထင်ပါတယ်ဗျာ။ အချိန်ရရင် တွေ့ကြရအောင်နော်။ မင်းက တကယ့်ကို လှပါတယ်' လို့လဲ ဗီဒီယို စာဆောင်ပို့ခဲ့ပါသေးတယ်။

ကယ် ပရိသတ်ကြီးတို့ နောက်ဆို သူတို့ နှစ်ယောက်တွဲနေကြပြီဆိုပြီးများ သတင်းထွက်လာ မလား မသိ။ လီမင်ဟို တုန်းကလဲ ဆူဇီကို ဒီလိုပဲပြောခဲ့တာဆိုတော့။

translated by Anna

Source: dispatch

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။