လွန်ခဲ့တဲ့ရက်တွေက စကာင်္ပူနိုင်ငံရဲ့လူမှုကွန်ရက်မှာ သူမရဲ့ ချစ်သူကို တနေ့ ခြောက်ကြိမ်နို့တိုက်ဖို့ အလုပ်ထွက်လိုက်ပါတယ်ဆိုပြီး လူသိရှင်ကြားကြော်ငြာ လိုက်တဲ့သတင်းဟာ တော်တော့် ကို ပွက်လောရိုက်သွားပါတော့တယ်။ ဘာလို့လဲဆိုတော့.....

ကလိုဝီ အမည်ရှိတဲ့ ကောင်မလေး က သူမရဲ့ ချစ်သူ ချာလီ ဆိုတဲ့ ကောင်လေးနဲ့ အတူ 'အရွယ်ရောက်ပြီးနို့တိုက်ကျွေးခြင်း' ဆိုတဲ့ အရာကို စတင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပြီး သူမရဲ့ လူမှုကွန်ရက်မှာ တင်လိုက်တာကြောင့် အားလုံးရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရပါတယ်။

သူမယခုလို ဆုံးဖြတ်ချက်ချလိုက်တဲ့ အကြောင်းအရင်းကတော့ နို့တိုက်ခြင်းဟာ လူနှစ်ဦးရဲ့ ဆက်ဆံရေးကို သာမန်ထက် အလွန်အကျွန် နီးကပ်အောင် ဆက်သွယ်ပေးနိုင်တယ်လို့ရေးထားတဲ့ စာအုပ်ကို ဖတ်ပြီးတဲ့ နောက်ပိုင်းမှာ ဖြစ်ပါတယ်။

သူမ က 'ကျွန်မက နှစ်နာရီခြားတစ်ခါ သူ့ကို တိုက်ပါတယ်။ သုံးနာရီ မကျော်စေရပါဘူး' လို့လဲ ပြောကြားခဲ့ပြီး အချိန်မရွေး နေရာ မရွေးတိုက်တဲ့ အကြောင်းလဲ ပြောသွားပါသေးတယ်။

ယခုလိုမျိုး နို့ရည်တိုက်ကျွေးခြင်းက သူမတို့ နှစ်ယောက်ဆက်ဆံရေးကို သိသိသာသာ တိုးတက်လာစေတယ်လို့ပြောတဲ့ အပြင် သူတို့ နှစ်ယောက် လိင်ဆက်ဆံတဲ့ အခါမှာ လဲ အရင်တုန်းက ထက်ပို ပြီး ဆန္ဒတွေ တိုးပွားလာတယ်လို့လဲ ပြောကြားခဲ့ပါတယ်။

ကယ် သင့်ချစ်သူ နဲ့ အဆင်မပြေရင် ဒီနည်းလမ်းကို စမ်းကြည့်ပါလား???

translated by Anna

Source: thecoverage

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။