မော်ဒယ်လုလုအောင်ဟာ လှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ရိုးသားကြိုးစားတဲ့ သူတစ်ယောက်ဖြစ်တဲ့အတွက် ကွီးတွေရဲ့ ဝန်းရံမှုကို ခံခဲ့ရကာ ယခုနောက်ပိုင်းမှာတော့ နာမည်ကြီးလာကာ အနုပညာလှုပ်ရှားမှုတွေပြန်လုပ်လာတဲ့ မော်ဒယ်တစ်ယောက်လည်းဖြစ်ပါတယ်။ သူမဟာ ကလေးတစ်ယောက်အမေဖြစ်ပြီး single mother အနေနှင့် သူမသမီးလေးကို ကျွေးမွေးစောင့်ရှောက်နေတဲ့သူလည်းဖြစ်ပါတယ်။

ယောက်ျားနှင့် ကွာရှင်းထားခဲ့တယ်လို့ သိရတဲ့အတွက်ကြောင့်လည်း ပရိသတ်တွေ က လုလုအောင်လို ချောမောလှပတဲ့ ဇနီးချောလေးကို ဘယ်လို ယောက်ျားမျိုးက ပစ်သွားရက်ပါလိမ့် ဆိုပြီး အများက စိတ်ဝင်စားလာတာကြောင့်လည်း နောက်ဆုံးတော့ သံသယရှိသူတစ်ယောက်ပေါ်ထွက်လာခဲ့ပါတယ်။

ထုံးစံ အတိုင်း Cele Cele Small page ကဖော်ထုတ်ခဲ့တာဖြစ်ပြီး ထိုသူနာမည်မှာ ကိုစိုင်းအောင်သိန်းခိုင်လို့သိရပြီး ယခုလောလောလပ်လပ်ကမှ အခွေ အသစ်ထွက်ထားတဲ့ အဆိုတော်တစ်ယောက်လို့သိရပါတယ်။ လုလုအောင်ဘက်ကတော့ ထိုသူကို မသိပါဘူးလို့ ငြင်းဆိုထားခဲ့ပြီး ထိုလူနှင့် Cele Cele Small နှင့် စကားပြောတဲ့ အထဲမှာတော့ ဝန်ခံထားတာကိုတွေ့ရပါတယ်။ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာပဲနော်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။