"သက်ငယ်မုဒိမ်းမှုကျူးလွန်သူတွေကို ထိရောက်စွာ သေဒဏ်ပေးစေချင်ပါတယ်" ဆိုတဲ့ တေးသံရှင် ချမ်းချမ်း

မိမိရဲ့ စစ်မှန်တဲ့ ပင်ကိုယ်အရည်အချင်းနဲ့ Melody World မှတဆင့် အဆိုတော်နယ်ပယ်သို့ ဝင်ရောက်လာသူကတော့ တေးသံရှင် ချမ်းချမ်းပဲဖြစ်ပါတယ်။ ချမ်းချမ်းဟာ သူမယှဉ်ပြိုင်သီဆိုခဲ့တဲ့ "သီချင်း လက်ဆောင်" ဆိုတဲ့ သီချင်းနဲ့ ပရိသတ်တစ်ခဲနက်အားပေးမှုရရှိခဲ့ပြီး ယခုချိန်မှာတော့ မြန်မာပြည်ရဲ့ ထိပ်တန်းတေးသံရှင် တစ်ဦးဖြစ်ပါတယ်။ တစ်နေ့တစ်ခြားများပြားလာတဲ့ သက်ငယ်မုဒိမ်းမှုတွေနဲ့ ပတ်သတ်ပြီး သူမရဲ့အတွေး သူမရဲ့အမြင်တွေကိုတော့ အခုလိုပဲပြောပြခဲ့ပါတယ်။

"အမရဲ့ Life မှာ ဒီလို သက်ငယ်မုဒိမ်းမှုဆိုတာ သိပ်မကြားခဲ့ဖူးဘူး။ ဒီလိုအမှုတွေ သိပ်နည်းတယ်။ အခုကျတော့ သုံးရက်ကို တစ်မှုလိုမျိုးဖြစ်နေတယ်။ ဆယ်လအတွင်းမှာ အမှုက ၇၀၀ ကျော်ဆိုတော့ တကယ်ကြောက်စရာကောင်းတယ်။ ဒါမျိုးကို ဘယ်လိုပြောမလဲ လူတွေက ကိုယ့်ရဲ့ဆန္ဒတစ်ခဏတာလေးအတွက်ကို တိရစ္ဆာန်စိတ်တွေ ဝင်သွားတယ်။ ပြီးတော့လေ တစ်ချို့ ကိုယ့်သားသမီးတောင်မချန်ဘဲ မိုက်ရဲတဲ့ ဖခင်မျိုးကျ သေဒဏ်နဲ့ထိုက်တန်တယ်ရှင့်။ သူလို ဖခင်မျိုးရှိနေလို့လည်း ဘာမှအသုံးမဝင်ဘူးလေ။ တကယ်ကိုသေဒဏ်ပေးသင့်တယ်။ စံနမူအဖြစ်လုပ်ပြသင့်တယ်။ နို့မိုဆို လူတွေက ပြီးလည်းလွတ်တာပဲဆိုတာမျိုးတွေ ပေါ့နော်။ ဒါကြောင့် သက်ငယ်မုဒိမ်းမှုနဲ့ပတ်သတ်လာရင် ထိုက်တန်တဲ့ သေဒဏ်မျိုးကို ပေးသင့်ပါတယ်" ဟု တေးသံရှင် ချမ်းချမ်းမှ ပြောကြားခဲ့ပါတယ်။

Source: Myanmar Celebrity

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။