ဟင်္သာတထွန်းရင်၏ ရက်လည်ကုန်ကျစရိတ်အတွက် ဇာတ်မင်းသား ဖိုးချစ် ကူညီမည်ဟုပြေကြား

မြန်မာသံ ဂန္တဝင် တေးသံရှင်ကြီး ဟင်္သာတ ထွန်းရင်ရဲ့ ရက်လည်တရားတော်နာအတွက် ကုန်ကျစရိတ်များကို ဇာတ်မင်းသား ဖိုးချစ်က ကုန်ချခံသွားမယ်လို့ သိရပါတယ်။

ဟင်္သာထွန်းရင် ကွယ်လွန်သွားတာကို ဇာတ်မင်းသား ဖိုးချစ်မှ

"ဂန္တဝင်အနုပညာရှင်ကြီး ဟင်္သာတဦးထွန်းရင် .ကွယ်လွန်သွားတာဟာ ကျွန်တော်တို့အတွက် တကယ့်ကို ဆုံးရူံးမှူကြီးပါဗျာ။ တစ်နိုင်ငံလုံးရဲ့ ရင်ထဲမှာ ဦးရဲ့ သီချင်းတွေ ဘယ်တော့မှ မပျောက်တော့ပါဘူးဗျာ။ ကျွန်တော် ဇာတ်သဘင်လောကထဲရောက်ကတည်းက ပရိသတ်နဲ့ သိခွင့် ထိခွင့်ရအောင် လက်တွဲခေါ်ပေးခဲ့တယ်။ စောင့်ရှောက်ခဲ့တယ်။ သွန်သင်ဖေးမခဲ့တယ်။ မဆုံးခင်အချိန်ထိလည်း ကျွန်တော့ဇာတ်စင်ပေါ်မှာ သီချင်းလေးတွေ ဆိုပေးခဲ့တယ်။ ဆေးရုံတက်နေတာတောင် ဖိုးချစ်လေး ဘယ်မှာကနေလဲလို့ မေးနေခဲ့တယ်တဲ့။ နေကောင်းရင် သီချင်းလာဆိုမလို့တဲ့ဗျာ။

အခုတော့......အခုတော့.....အမေနဲ့ရွာကို သားမောင် မလွမ်းတော့ဘူးလားဗျာ။ ဟင်္သာတဦးထွန်းရင် သီးခြားပွဲလုပ်ချင်လို့ ကျွန်တော့်ကို အကြိမ်ကြိမ်ပြောခဲ့တယ်။ အဆင်ပြေတဲ့အချိန်ပြောပါ၊ အကောင်းဆုံးလုပ်ပေးပါ့မယ်လို့ ကျွန်တော်ပြောခဲ့ပေမယ့် မဆိုနိုင်တော့ဘူးပေါ့ ဆရာရယ်။ ဆရာက အမေနဲ့ရွာကို လွမ်းတယ်။ ကျွန်တော်တို့ကတော့ ဆရာ့ကို တစ်သက်လုံး လွမ်းနေတော့မယ်ဆရာ"လို့ ယခုလို ရေးသားထားပါတယ်။။

ဟင်္သာတ ထွန်းရင်ဟာ နိုဝင်ဘာ (၂၁)ရက် နံနက် ၄နာရီ ၄၅မိနစ်မှာ ကွယ်လွန်သွားခဲ့ပြီးကွယ်လွန်ချိန်မှာ အသက် ရရနှစ် ရှိပြီဖြစ်ကြောင်း သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။