သရုပ်ဆောင် လွင်မိုးရဲ့ သမီးချောလေ အနေနှင့် ဆယ်ကျော်သက်တွေကြားမှာ နာမည်ရလာတဲ့ ယွန်းဝတီလွင်မိုးဟာ ယခုလောလောဆယ်မှာတော့ နိုင်ငံခြားမှာ စာသွားသင်ဖို့ ပြင်ဆင်နေတယ်ဆိုပြီးပြောပါတယ်။ အဲ့ဒါကြောင့်လည်း အနုပညာလုပ်ငန်းတွေ လုပ်တာကြဲနေတာဖြစ်ပြီး ဒီရက်ပိုင်းအတွင်းမှာတော့ ကြော်ငြာတွေ ရိုက် ပွဲတွေဘဲတက်ဖြစ်နေတယ်လို့ဆိုပါတယ်။

နိုင်ငံခြားမှာ ကောလိပ်သွားတက်မှာဖြစ်ပြီး အများနှင့်မတူတဲ့ သူမရည်ရွယ်ချက်ကတော့ 'ဒီကျောင်းသားလေးက စာတော်လိုက်တာ၊ ထူးချွန်လိုက်တာ ဘယ်နိုင်ငံကလဲ လို့မေးရင် မြန်မာနိုင်ငံက ဆိုတာကိုပြောချင်တဲ့ အတွက်မြန်မာနိုင်ငံကို ကိုယ်စားပြုချင်တဲ့ အတွက် နိုင်ငံခြားကို ပညာတော်သင်သွားတာပါ' လို့ဖြေကြားခဲ့ပါတယ်။ သူမအနေနှင့် ပညာတော်သင်သွားဖို့အများကြီးပြင်ဆင်နေရတယ်လို့ပြောပါတယ်။

အဲ့ဒါကြောင့်လည်း မိသားစုနှင့် သူငယ်ချင်းတွေကို အချိန်ပေးဖြစ်နေပြီး အသက် ၁၈ နှစ်လုံးလုံး မိဘတွေနှင့်တူတူနေလာပြီး မှ တစ်ယောက်တည်းသွားနေရတော့မယ်ဆိုတော့ သူမအနေနှင့်စိတ်လှုပ်ရှာပြီး ဟင်းချက်တာကအစ စိတ်ပိုင်းဆိုင်ရာပါ တစ်ယောက်တည်းနေဖို့ အစဉ်ပြေအောင်လေးကျင့်နေတယ်လို့ဆိုပါတယ်။ ကျောင်းပိတ်တိုင်း မြန်မာနိုင်ငံကို ပြန်လာမှာဖြစ်ပြီးကျောင်းပြီးသွားရင်တော့ သူမအဖေ နှင့်အတူတူ အလုပ်လုပ်ဖို့စဉ်းစားထားတယ်လို့ဖြေကြားသွားခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။