" ပွင့်ပွင့်လင်းလင်းတစ်ခုပြောရလို့ရှိရင် ဒီဇာတ်ကားတွေထဲမှာ မျက်ရည်ကျရတယ်၊ နာကျင်ရတာတွေထက် အပြင်မှာ ပိုနာကျင်ဖူးတယ်။ "

ဒီလိုပြောခဲ့တဲ့ ဖွေးဖွေးရဲ့အကြောင်းကတော့..

" (၇)နှစ်လုံးဖွေးက ဒီအနုပညာထဲမှာနှစ်ထားတာကြာနေပါပြီ။ ဖွေးအနုပညာအပေါ်ဘယ်လိုသဘောထားတယ်၊ ဘယ်လိုလုပ်တယ်ဆိုတာပရိသတ်တွေလည်းသိပါတယ်။ ကာရိုက်တာတွေကို ဖွေးဘဝနဲ့ ရင်းပြီးနှစ်ပြီးလုပ်တယ်။ ခုချိန်မှာ ဖွေးကလည်း လူငယ်လေးတစ်ယောက ်မဟုတ်တော့ဘူးလေ။လူလတ်ပိုင်းဘဝကိုရောက်လာပြီဆိုတော့ ကိုယ့်ဘဝကိုယ် Enjoy လုပ်ချင်တာလည်းပါပါတယ်။ ပြီးတော့ ကိုယ်ရိုက်ချင်တဲ့ကားတွေလည်းတော်တော်များများရိုက်ပြီးသွားပြီပေါ့နော်။ အေးအေးဆေးဆေးလေး၊ ကောင်းကောင်းလေးနဲ့ ဖြည်းဖြည်းလေးပဲဆက်သွားဖို့ရှိတယ်။" လို့ ပွင့်ပွင့်လင်းလင်းပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဖွေးဖွေးမှ " သရုပ်ဆောင်တစ်ယောက်က အကုန်သိအောင်တော့လုပ်ရတာပဲ။ ပွင့်ပွင့်လင်းလင်းတစ်ခုပြောရလို့ရှိရင် ဒီဇာတ်ကားတွေထဲမှာ မျက်ရည်ကျရတယ်၊ နာကျင်ရတာတွေထက် အပြင်မှာ ပိုနာကျင်ဖူးတယ်။ ဇာတ်ကားထဲမှာ ပျော်လို့ရယ်တာရှိတယ်။ အဲလိုရယ်မောရတာ၊ ပျော်ရွှင်ရတာတွေထက် အပြင်မှာပိုပျော်ရွှင်ဖူးတယ်။ ဖွေးအခု ရိုက်ခဲ့တဲ့ ကာရိုက်တာတွေအကုန်လုံးက အပြင်က ဖွေးဖွေးထဲက အခွဲလေးတွေပါပဲ။ " လို့ ပြောကြားခဲ့ပါတယ်။ 

" ခုနောက်ပိုင်းမှာတော့လေ ပရိသတ်တွေကသူတို့ချစ်တဲ့အနုပညာရှင်က ဘယ်နေရာကပဲ သရုပ်ဆောင် သရုပ်ဆောင် အကောင်းဆုံးလုပ်နိုင်တာကိုပဲကြည့်လာကြပါပြီ။

အဲလိုမျိုးဖြစ်သွားတာကိုလည်း ဖွေးအတိုင်းမသိ ဝမ်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ဖွေးအသက်တွေကြီးသွားပြီး အဖွားကြီးဖြစ်သွားလို့ရှိရင် အမြဲတမ်းတွေးပြီးတော့ ကြည်နူးနေရမယ့် အရွယ်က ဒီအရွယ်ပဲရှိပါ တယ်။ ဖွေးကိုအမြဲတမ်းအချစ်တွေပေးခဲ့တဲ့ ပရိသတ်တွေ၊ ဖွေးအလုပ်တွေကို အမြဲတမ်းအသိအမှတ်ပြုခဲ့တဲ့ ပရိသတ်တွေကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။ "

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။