ဆယ်တန်းဆက်မဖြေဘဲ ကိုယ်ဝါသနာပါရာကို အလျှော့မပေးဘဲ လုပ်ခဲ့တဲ့ ရွှေထူးကနေ သူ့ရဲ့ပရိသတ်တွေကို သူ့အကြောင်း ဝေမျှပြောဆိုခဲ့ပါတယ်။

" ကျွန်တော်က ဘာလဲဆိုတော့ Do or Die လုပ်ခဲ့တာ။ အဲဒီအတွက် ကျွန်တော်ဆယ်တန်းကိုလည်း ပြန်မဖြေတော့ဘူး။ ခွေးဖြစ်ရင်လည်းဖြစ်၊ သူဌေးဖြစ်ရင်လည်းဖြစ် ဆိုတဲ့စိတ်နဲ့လုပ်ခဲ့တယ်။ကျရှုုံးသွားလည်း နောင်တရမှာ မဟုတ်ဘူး။"

" ကျွန်တော့်ရဲ့ ရွှေထူးဆိုတဲ့ဘဝက လှည်းတန်းကစပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေနဲ့ DOTA ပတ်ခုတ်နေတဲ့ ကလေကချေတစ်ယောက်ပေါ့။ သီချင်းလေးတွေလည်း မတောက်တစ်ခေါက် ဆိုနေတဲ့အချိန်မှာ။ ကျွန်တော်တို့သူငယ်ချင်းတွေ ဆော့နေကျ ဂိမ်းဆိုင်မှာပဲ ကျွန်တော့်သီချင်းတစ်ပုဒ်က ပေါက်သွားတယ်ပေါ့။ အဲဒီဂိမ်းဆိုင်က လူတွေအားလုံးက နားထောင်ကြတော့ ဘယ်သူဆိုတာလဲ၊ ဘယ်သူဆိုတာလဲ ဆိုတော့ ရွှေထူးဆိုတာပေါ့။ ကျွန်တော်ဂိမ်းဆော့တဲ့နာမည်က ရွှေထူးပါ။ အဲဒီကနေ ရွှေထူးဖြစ်လာတယ်။ ဒီနေရာပေါ့က သူများတွေပြောတဲ့အောင်မြင်မှုဆိုပါစို့၊ ကျွန်တော့်အတွက်ကတော့တစ်ပါ။ ဒီလိုအနေ အထားရောက်လာတယ်ဆိုတာက ကျွန်တော်ကိုယ်တိုင်ကြိုးစားမှုလည်းဖြစ်တယ်။ ကျွန်တော့်ပရိသတ်အပေါ်မှာ စေတနာမေတ္တာအမှန်ထားတာကြောင့်လည်းပါတယ်၊ ကျွန်တော့်ပရိသတ်က ကျွန်တော့်ကိုချစ်လို့လည်းပါ တယ်။ အဲတော့ ကျွန်တော့်အတွက ်ကြိုးစားရတာက အများကြီးပါ။ ကျွန်တော်က မိဘဆွေမျိုးအသိုင်းမရှိဘူး။ ပြီးတော့ ငွေကြေးချမ်းသာတဲ့မိသားစုကလာတဲ့မဟုတ်တဲ့အတွက်ကြောင့် အနှိမ်ခံရတာအများကြီးရှိတယ်။ လူရာသွင်းမခံခဲ့ရတာတွေအများကြီးရှိခဲ့တယ်။ ဒါတွေက ပြီးခဲ့ပါပြီ။ အခုအချိန်မှာ ကျွန်တော်က အတိတ်ကိုမကြည့်ဘူး။ ပစ္စုပ္ပန်ကို စိတ်ဝင်စားတယ်။ အနာဂါတ်အတွက် ပိုပြီးကြိုးစားတယ်။"

"ကျွန်တော်ဆို ဆယ်တန်းမအောင်ဘူးပေါ့နော်။ ဟိုးအရင်တုန်းက လူကြီးသူမတွေပြောတာက ဆယ်တန်းမအောင်ရင်လူရာမဝင်ဘူးပေါ့။ ဒါပေမဲ့ ကျွန်တော့် ညီလေးတွေ၊ ညီမလေးတွေကို ပြောချင်တာက ဆယ်တန်းတော့ အောင်အောင်ဖြေကြပါ။ ဆယ်တန်းအောင် ဖို့တော့လိုပါတယ်။ ကျွန်တော်က အခုအချိန်မှာသာ ပညာရေးဘက်မလှည့်နိုင်တော့တာပါ။ ဟိုးအရင်က အိမ်ရဲ့စီးပွားရေးအခြေအနေကြောင့်ရော၊ ကိုယ်လုပ်ချင်တာတွေကြောင့်ရော ဆယ်တန်းဘက်ကို မလှည့်နိုင် ခဲ့ဘူးပေါ့။ အဲဒါကြောင့် အခုပညာရေးလုပ်နေတဲ့ ညီလေး၊ ညီမလေးတွေ ဆယ်တန်းကိုတော့ အောင်အောင်ဖြေကြပါ။ မည်သို့ပင်ဆိုစေကာမူ ပွဲလယ်ရောက်ရင် ဆယ်တန်းတောင်မအောင်ဘူးဆိုတာ ကတော့ ပြောစရာတစ်ခုလိုဖြစ်နေပါတယ်။ အခု ကျွန်တော်လုပ်နေတာတစ်ခုရှိတယ်။ လောလောဆယ်မှာတော့ ကျွန်တော်နဲ့ နီးစပ်ရာပတ်ဝန်းကျင်မှာ ကျောင်းတက်ချင်ရက်နဲ့ အခြေအနေအရကျောင်းမတက်နိုင်တဲ့ ညီလေး၊ ညီမလေးတွေကို ကျွန်တော်ကျောင်းထားပေးတာတွေရှိပါတယ်။ ကျွန်တော်ဖြစ်စေချင်ပြီး ကျွန်တော်မလုပ်နိုင်တဲ့အရာတစ်ခုကို Support လုပ်ပေးတဲ့သဘောပါ။" လို့ ရွှေထူးကနေ ပြောကြားခဲ့ပါတယ်။

Source : Moda

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။