ကြက်ဖကို Rapper တွေတော်တော်များကြိုက်နှစ်သက်ခဲ့ကြပါတယ်။ ဒါပေ့မယ့် သူကို အနုပညာ လောကမှာ မတွေ့ခဲ့တာ တော်တော်ကိုကြာပါပြီ။ အနုပညာ လောက က လူတော်တော်များများ နစ်ဘူးခဲ့တဲ့ မူးယစ်နွံထဲက လွတ်မြောက်ခဲ့တဲ့ အဆိုတော်ကြက်ဖဟာ သူ့မိခင်ကို ယခုလိုကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

ကျွန်​​တော်​ လွန်​ခဲ့တဲ့၅နှစ်​လုံးလုံး အ​မေ့ကိုရက်​စက်​ခဲ့မိတယ်​ဗျာ။ ဘယ်​လိုလဲဆိုတာ​တော့ ရုန်​းထွက်​ရခက်​ခဲတဲ့ နွံအိုင်​​သေး​သေး​လေးတစ်​ခုတည်​းနဲ့တဲ့ဗျာ။ ​နေ့တိုင်​း ညတိုင်​းအ​မေ အမုန်​းခံပြီး ကျွန်​​တော်​့ကို လာဆူတယ်​ နစ်​မသွား​အောင်​​ပေါ့။ အ​မေ့ရဲ့ဆု​တောင်​း​ကောင်​းမှု​ကြောင်​့​ရော ကျွန်​​တော်​အသ်ိ​စောတာ​ရော​ကြောင်​့ မူးယစ်​သား​ကောင်​ဘဝက ရုန်​းထွက်​လာနိုင်​ခဲ့တာ ၃လ​ကျော်​လာပါပြီ။

ကျန်​းမာ​ရေးက​တော့ ထူ​ထောင်​ဆဲပါပဲ။ ဆိုးခဲ့မိုက်​ခဲ့သမျှ​တွေအတွက်​အတိုးချပြီး ​နေ့တိုင်​း​နေ့တိုင်​း အ​မေ​ပျော်​​အောင်​ စကား​ပြောတာကအစ လိုအပ်​ရင်​ ​ပြောင်​ပါ​ပြောင်​ပြတာများတယ်​။ သူ့ခမျာလဲစိတ်​ညစ်​ခဲ့တဲ့အရှိန်​မ​သေလို့ တခါတ​လေ အသံမာလာတာနဲ့တပြိုင်​နက်​ ကျွန်​​တော်​​မျောက်​ဂျွမ်​းထိုးသင်​့ရင်​ထိုးပြမှာပဲ။ သူသတိဝင်​လာပြီး အမ​လေး ငါ့သား​လေး ​တော်​​သေးတယ်​ ရူးသွား​တော့မလို့ ဆိုပြီး​ပြောရင်​ ကျွန်​​တော်​ ​ကျေနပ်​တယ်​။ထပ်​​ပြောင်​ပြတယ်​။

သားအမိ၂​ယောက်​လုံး အရှင်​လတ်​လတ်​ငရဲက​နေလွတ်​လာခဲ့ပြီ​လေ။ ကျွန်​​တော်​တို့ သားအမိ ဘာ​တွေဖြစ်​ခဲ့ကြတယ်​ဆိုတာ ကျွန်​​တော်​တို့ပဲသိတယ်​။ ဆိုလိုချင်​တာက မိဘစကားကို​မြေဝယ်​မကျနား​ထောင်​ကြပါဗျာ။ ကျွန်​​တော်​ကိုယ်​တိုင်​ ငရဲကလွတ်​လာလို့ ​ပြောပြချင်​တာပါ။ ပြောမနိုင်​​အောင်​ဆိုးခဲ့ကြလို့ သူတို့ဘက်​ကလက်​​လျှော့သွားရင်​လဲ ပြန်​ကြိုးစားကြရ​အောင်​။ ခုပုံ​တွေက ရိုက်​ထားတာနည်​းနည်​းကြာပါပြီ။ ကျွန်​​တော်​ယတိပြတ်​ မလိမ္မာ​သေးခင်​ကပါ။ အ​မေ​ပြော​နေကျစကားတစ်​ခုရှိတယ်​။

မိုက်​တာနဲ့ လိမ္မာတာက ​ပြောင်​းပစ်​ဖို့ လွယ်​လွယ်​​လေးပါတဲ့။ လက်​၀ါး​လေး​ထောင်​ပြပြီး ဆက်​​ပြောတယ်​ လက်​ဖဝါးက​နေ လက်​ဖမိုး​လေး​ပြောင်​းလိုက်​ရုံပဲတဲ့(ဆတ်​ခနဲလှည်​့ပြရင်​း​ပြောတယ်​)

ဒီမှာ​လေတဲ့ ဒီလို​လေးလုပ်​လိုက်​ရုံပဲတဲ့။

ကျွန်​​တော်​တို့ သက်​ရှိ​တွေပဲဗျာ ...

ဘာလို့ ကိုယ်​နဲ့ကိုယ်​့မိသားစုကို နှိပ်​စက်​​နေတဲ့ ဒီသက်​မဲ့​တွေကို အရှုံး​ပေးကြရမှာလဲ။ ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။