19+ အပေါ်ပိုင်းဗလာဇာတ်ဝင်ခန်းကို Kim Soo Hyun နဲ့ရိုက်မယ့် Sulli

f(x) အဖွဲ့ဝင်ဟောင်း Sulli ဟာ လက်ရှိရိုက်ကူးနေတဲ့ Real ရုပ်ရှင်ဇာတ်ကားမှာ နာမည်ကျော် တောင်ကိုရီးယားမင်းသားချော Kim Soo Hyun နဲ့အတူ ပါဝင်ရိုက်ကူးထားပြီး 19+ အိပ်ရာပေါ်က ဇာတ်ဝင်ခန်းတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။ အဆိုပါဇာတ်ဝင်ခန်းတွေမှာတော့ Sulli ရဲ့ ခန္ဓာကိုယ် အပေါ်ပိုင်းကို အသားပေးဖော်ပြထားမှာဖြစ်ပြီး ဖုံးကွယ်ခြင်းမရှိဘဲ ဗလာကျင်းထားမှာ ဖြစ်ပါတယ်။ တချို့ဇာတ်ဝင်ခန်းတွေမှာတော့ double လုပ်ထားတာမျိုး ရှိပေမယ့် ဇာတ်ဝင်ခန်းတွေကို ပိုင်ပိုင်နိုင်နိုင်နဲ့ ကိုယ်တိုင်အကောင်းဆုံး သရုပ်ဆောင်သွားနိုင်တဲ့ Sulli ကိုလည်း အရမ်းအံ့သြမိတယ်လို့ ထုတ်လုပ်သူကပြောပါတယ်။ မှုခင်းလောကမှ fixer တစ်ယောက် ( Kim Soo Hyun ) အကြောင်း ရိုက်ကူးထားတဲ့ Real ရုပ်ရှင်ဇာတ်ကားကိုတော့ လာမယ့်နှစ်မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Source: Beetalk

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။