ခွဲခန်းထဲကထွက်လာတဲ့ ပရိသတ်ကို Video Call ခေါ်ပြီး အားပေးစကားပြောခဲ့တဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်

မြန်မာနိုင်ငံရဲ့ ဆယ်စုနှစ်တစ်စုကြာ ပရိသတ်အခိုင်အမာနဲ့ ယခုတိုင် လျှမ်းလျှမ်းတောက် အောင်မြင်နေဆဲဖြစ်သူကတော့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ဖြစ်ပါတယ်။ စိုင်းစိုင်းဟာ မြန်မာ့ Rapping လောကရဲ့ စွန့်ဦးသူလို့ပြောရင်လည်း မမှားပါဘူး။ ကာလရှည်ကြာအောင်မြင်ခဲ့တဲ့ သူ့အဖို့ဝေဖန်တိုက်ခိုက်မှုတွေဟာ မထူးဆန်းတော့ပါဘူး။ ဒါပေမဲ့ စိုင်းစိုင်းဟာ ဝေဖန်သူတွေကိုတောင် အလေးထားကျေးဇူးတင်တတ်သူပါ။ ဒါကြောင့်လည်း စိုင်းစိုင်းပွဲဟေ့ဆိုရင် မိုးရွာမရှောင် နေပူမရှောင်အားပေးကြတာ သူရဲ့ ပရိသတ်အပေါ်အလေးထားဆက်ဆံမှုတွေ ကြောင့်ပေါ့။

စိုင်းစိုင်းက ဘယ်လောက်ထိ ပရိသတ်တွေကို တန်ဖိုးထားဆက်ဆံသလဲဆိုရင် သူ့ရဲ့ အမာခံပရိသတ်တစ်ယောက် ခွဲခန်းကထွက်လာပြီးနောက် Video call ကနေတဆင့် ဖုန်းဆက်ပြီး အားပေးစကားပြောခဲ့တယ်ဆိုပြီး သိရပါတယ်။ ဒီလို လုပ်ရပ်တွေဟာ ပြည်ပမှာရှိပေမယ့် မြန်မာနို်င်ငံက အနုပညာရှင်တွေကြားမှာတော့ ရှားပါတယ်။ အခုဒီလို စိုင်းစိုင်းကလုပ်ပေးလိုက်တော့ ပရိသတ်တွေက ပိုပြီးချစ်သွားကြတာပေါ့။

ကဲ သူ့ရဲ့ပရိသတ်က ဘယ်လောက်တောင် ရင်တွေခုန်ပြီး ပျော်သွားလည်းဆိုရင် "ဘဲကြီးနဲ့ video call ပြောရတယ် မျက်ရည်ကျလောက်အောင်ပျော်ပါတယ်

မနေ့ကမှခွဲခန်းကထွက်လာတာကိုရောဂါတောင်တစ်ဝက်သက်သာသွားတယ်

ဆေးရုံတက်နေတဲ့အကြောင်းပြောလိုက်တော့ video call ပြောချင်တယ်တဲ့

ညီမလေးကျန်းမာရေးကိုဂရုစိုက်နော်တဲ့

ကျေးဇူးအရမ်းတင်ပါတယ်ဘဲကြီးရေ

ခုမှခွဲခန်းကထွက်လာတာတစ်ရက်ဘဲရှိသေးတော့ရုပ်ကတော်တော်ဆိုးနေတယ်နော်" ဆိုပြီး ရေးသားခဲ့ပါတယ်။

ကဲ ဘယ်လောက်တောင် ပရိသတ်တွေ အကြိုက်သိလိုက်တဲ့ စိုင်းစိုင်းလဲနော်…………

Source: Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။