ဘယ်နေရာသွားသွား ကြားနေရတဲ့ ဗိုလ်အောင်ဒင် သီချင်း အဆိုရှင် မနောဟာ မြန်မာသံစဉ် ကိုယ်ပိုင်သံစဉ် တွေကို ဆိုတဲ့ အဆိုတော် တစ်ယောက်ဖြစ်ကာ ထိုသီချင်းတွေကြောင့်လည်း မနောဆိုတဲ့ နာမည်ဟာ မဆိုတော် လောကထဲမှာ ခိုင်ခိုင်မာမာ ရပ်တည်လာပါတယ်။ မနောဟာ ရိုးသားကြိုးစားတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး မိဘကို ရိုသေတတ်တဲ့သူလို့လဲပြောလို့ရပါတယ်။

မနော ကို Myanmar Celebrity က အင်တာဗျူးခဲ့တဲ့ အခါမှာတော့ ဆိုရင် စိတ်ထားဘယ်လောက်ဖြူစင်လဲဆိုတာ သိသာပါတယ်။ သူဟာ ပရဟိတပွဲမှာ ဆိုဖို့ နယ်ဘက်ကို သွားနေတာဖြစ်ပြီး နယ်က ပရိသတ်တွေ အတွက် အဆိုတော်တစ်ယောက်ကို တွေ့ရဖို့ ဘယ်လောက်ခတ်ခဲလဲ ဆိုတာကိုလည်းသိတယ်လို့ပြောသွားပါတယ်။

အဲ့ဒါကြောင့်လည်း နယ်ဝေးလေ ရှိုးပွဲခ တတ်နိုင်သလောက် နည်းကာ ယူပေးတယ်လို့လဲဆိုပါတယ်။ သူဟာ ပရိသတ်တွေကို အပန်းပြေစေဖို့အတွက်ရယ် အခတ်အခဲတွေကို နားလည်တဲ့ အတွက်ကြောင့် နေ့မနား ညမနား သွားရောက်ဖျော်ဖြေ နေတာပါလို့ပြောခဲ့ပါတယ်။ ထိုပွဲမှာလည်း သူ့ကို အားပေးတဲ့ ပရိသတ်တွေ တခဲတနက်တွေ့ရပြီး ဗိုလ်အောင်းင်ကို ကြိုက်ပေးကြတဲ့အတွက်ကျေးဇူးတင်တယ်လို့ပြောသွားပါတယ်။

Source: Myanmarcelebrity

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။