အမေရိကန်တောင်ပိုင်း ကယ်ရိုလိုင်းနားပြည်နယ် Greenvilleမှာ Clownပုံစံ ဝတ်စားဆင်ယင်ထားတဲ့သူတွေက ကလေးငယ်လေးတွေကို ဖြားယောင်ခေါ်ယူမှုတွေရှိနေတယ်လို့သိရပါတယ်။

Greenvilleမှာရှိတဲ့ Fleetwood Manor တိုက်ခန်းတွဲနားမှာဖြစ်ပေါ်ခဲ့တာဖြစ်ပြီး တိုက်ခန်းတွင်းနေထိုင်သူအမျိုးသမီးတစ်ဦးက သူ့ကလေးငယ်မှာ တိုက်ခန်းအနောက်ဘက်ရှိတောအုပ်ထဲတွင် လူရွှင်တော်များကိုတွေ့ခဲ့ရပြီး ကလေးငယ်အားတောထဲတွင် သူတို့နဲ့လာကစားရန် ဖြားယောင်းခဲ့ကြောင်း သူမအားလာရောက်ပြောကြားသည်ဟုဆိုသည်။

၎င်းအဖြစ်အပျက်အပြီး Greenvilleရဲစခန်းသို့ လူရွှင်တော်ဝတ်စုံဝတ်ထားသောသူများနှင့်ပတ်သက်၍ ဖုန်းဆက်မေးကြားသူ၊ တိုင်တောသူများရှိခဲ့ပြီး ကလေးငယ်များအား ညဘက်တစ်ယောက်တည်း အပြင်မထွက်ရန် သတိပေးပြောကြားခဲ့ကြသည်။

ကိုယ်တွေ့ကြုံခဲ့ရသော Donan နှင့် James Arnoldတို့က ၎င်းတို့၏အဖြစ်အပျက်ကိုပြောကြားခဲ့သည်။ Donanနှင့် Jamesတို့တွင် အသက်၁ဝနှစ်အရွယ်နှင့်၁၃နှစ်အရွယ် ကလေးနှစ်ဦးရှိပြီး ကလေးနှစ်ဦးမှ တောထဲတွင် လူရွှင်တော်ပုံစံဝတ်ဆင်ထားသူများကို တွေ့ခဲ့ရပြီး အချို့မှာ ဓားနှင့်ချိန်းကြိုးမျ ကိုင်ဆောင်ထားပြီး အချို့မှာ ပိုက်ဆံများထောင်ပြကာ ကလေးတို့ သကြားလုံးတွေရှိတယ်လေ၊ လာယူကြ ဟုပြောကာ တောထဲသို့ခေါ်ယူခဲ့ကြောင်းပြောကြားသည်။ သို့သော် ကလေးနှစ်ဦးမှာ ကြောက်၍မလိုက်ဘဲ သူတို့မိဘတွေဆီလာရောက်တိုင်ကြားခဲ့သည်ဟု သိရသည်။

အလားတူပင် အမျိုးသမီးတစ်ဦးမှာလဲ တိုက်ခန်းအနောက်ဘက်တောထဲတွင် လေဆာရောင်ခြည်များနှင့် လူရွှင်တော်များတွေ့ခဲ့ရပြီး ညဘက်အိပ်သည့်အခါတွင် တံခါးသို့တစ်ဒုန်းဒုန်းလာထုပြီး ချိန်းကြိုးအသံများလဲကြားရကြောင်းပြောကြားခဲ့သည်။

တိုက်ခန်းအနီးနေထိုင်သူအမျိုးသမီးတစ်ဦးကမူ ညဘက်အိမ်ပြန်လာစဉ် လမ်းဘေးဓာတ်တိုင်အနီးတွင် လူရွှင်တော်တစ်ဦးမှ သူမအား လှမ်း၍လက်ဝှေ့ယမ်းပြနေသည်ကိုတွေ့ကြောင်း သူမကလဲပြန်လည် ဝှေ့ယမ်းပြခဲ့ပြီး အန္တရာယ်တစ်စုံတစ်ရာ မပေးခဲ့ကြောင်းသိရသည်။

Source : Buzzfeed

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။